1. Home
  2. Movie Stars - Celebrity

နိုင်ငံကြီးသားပီသစွာ မဲပေးကြဖို့ တိုက်တွန်းလိုက်တဲ့ မြန်မာပြည်သိန်းတန်

Movie Stars - Celebrity ก.พ. 24, 2560 view 1,728
Myanmar Idol ရဲ့ ဒိုင်လူကြီးမင်း တစ်ဦးဖြစ်သူ မြန်မာပြည်သိန်းတန်က ဇကာတင်(၆)ဦး သီဆိုယှဉ်ပြိုင်မှုရဲ့ လေးယောက်မြောက် သီဆိုယှဉ်ပြိုင်သူ ရဲနောင်ရဲ့ ဖျော်ဖြေမှုအပြီးမှာ ပရိသတ်ကြီးကို နိုင်ငံကြီးသားပီသစွာ မဲပေးကြဖို့ ထပ်လောင်းတိုက်တွန်းခဲ့ပါတယ်။
 
ဒါကို ပရိသတ်အချို့က ဘဝင်မကျပဲ "အန်ကယ်လ်ကြီးပဲ နိုင်ငံကြီးသား ပီသအောင် မှတ်ချက်ပေးပါလို့" လူမှုကွန်ယက်စာမျက်နှာပေါ်မှ ဝေဖန်ပြောဆိုမှုတွေ ရှိခဲ့ပါတယ်။
 
ပိုးမီကို ကယ်တင်ခဲ့တဲ့ ဇကာတင် (၈)ဦးပြိုင်ပွဲက စတင်လို့ မြန်မာပြည်သိန်းတန်က ပြိုင်ပွဲဝင်တွေကို ပရိသတ်တွေက မဲပေးကြတဲ့နေရာမှာ ဘက်လိုက်မှုမရှိပဲ တစ်ကယ်ကောင်းတဲ့သူကိုသာ မဲပေးဖို့ “မိဖုရားမျိုး ခွေးကြည့်” ပုံပမာနဲ့ ပေါ်လွင်အောင် ပြောဆိုခဲ့ပါတယ်။ 
 
ဒီနေ့ ဇကာတင် (၆)ယောက် ပြိုင်ပွဲမှာလည်း ထိုဥပမာကို ထပ်မံဖြည့်စွက်တဲ့အနေနဲ့ ပရိသတ်တွေကို မဲပေးတဲ့နေရာမှာ နိုင်ငံကြီးသားပီသပါစေ၊ သဘောထားကြီးစွာနဲ့၊ တရားမျှမျှတတ (Fair & Square) မဲပေးချီးမြှင့်ကြပါလို့ ရဲနောင်ရဲ့ သီဆိုပုံကို အကဲဖြတ်မပြောကြားမီ ဦးစွာ သတိပေးလိုက်ပါတယ်။
 
ဘီလီလမင်းအေးရဲ့ ဖော်ဖြေမှုအပြီးမှာတော့ တင်ဆက်သူ ကျော်ထက်အောင်ကို “သူဆိုတာ မင်းကြိုက်လားလို့..?” ထောက်ခံမဲတောင်းခဲ့ပြီးနောက် ဒီနေ့ သီဆိုယှဉ်ပြိုင်မှုမှာ ဘီလီလမင်းအေးကို အကြိုက်ဆုံးဖြစ်တယ်လို့ ဟန်မဆောင်နိုင်ပဲ ဖွင့်ချခဲ့ပါတယ်။ တစ်ဆက်ထဲမှာပဲ ပရိသတ်ကြီးကို ကောင်းတယ်ဆိုရင် ကောင်းသလို မဲပေးကြဖို့၊ ဘက်မလိုက်ကြဖို့ ၊ မျှတစွာ ဆုံးဖြတ်ကြဖို့ ထပ်မံတိုက်တွန်းခဲ့ပါတယ်။
 
ယနေ့ည (ဖေဖော်ဝါရီ ၂၄ ရက်) Result Show ညမှာ ပြိုင်ပွဲဝင် ခြောက်ဦးထဲက တစ်ဦးဟာ မဲရလဒ်အနည်းဆုံးနဲ့ အိမ်ပြန်ရမှာ ဖြစ်ပါတယ်။
 
 
ရဲနောင်၊ ဇင်ကြီး၊ မိုင်းမိုင်ဆိုင်၊ ဘီလီလမင်းအေး၊ သားငယ်၊ ပိုးမီတို့ထဲက ဘယ်တစ်ယောက် အိမ်ပြန်ရမယ်လို့ ထင်မြင်မိပါသလဲ…?
 


Follow us on