1. Home
  2. Special or Others

အဝတ်လျှော်စက်ထဲ ရေနစ်သေဆုံးခဲ့ရသည့် ၂ နှစ်သားကလေး

Special or Others ก.พ. 25, 2560 view 2,073
အသက် (၂)နှစ်အရွယ် ကလေးငယ်တစ်ဦး အဝတ်လျှော်စက်ကန်ထဲကို ပြုတ်ကျခဲ့ပြီး ရေနစ်သေဆုံးခဲ့ရတဲ့ ရင်နင့်ဖွယ်အဖြစ်အပျက်တစ်ခု ဘရာဇီးနိုင်ငံ စန်တာခရုစ်ဒို ရီယိုပရာဒိုမြို့မှာ ဖြစ်ပျက်ခဲ့ပါတယ်။
 
ဂျေမာဆင်လို့ အမည်ရတဲ့ ကလေးငယ်ဟာ သူရဲ့မိဘ၊ ၈ လသားအရွယ် ညီလေး၊ အဖိုးအဖွားတို့နဲ့ အတူနေထိုင်သူဖြစ်ပါတယ်။ စနေ တနင်္ဂနွေ တစ်ပတ်မှာတော့ အဖွးဖြစ်သူနဲ့ ကလေးနှစ်ဦးတည်း အိမ်မှာ ရှိနေစဉ် အဖွားဖြစ်သူက အိမ်နောက်ဘက်ရှိ အဝတ်လျှော်ရန် အဝတ်လျှော်စက်ထဲသို့ အဝတ်အစားများ ထည့်ပြီးနောက် လျှော်စက်ခလုပ်နှိပ်ကာ အိမ်အတွင်းသို့ ပြန်ဝင်လာခဲ့သည်။ အဝတ်လျှော်စက်အတွင်း ကလေးက ဝင်ပုန်းနေသည်ကို သတိမပြုမိပဲ လျှော်ခဲ့မိခြင်းဖြစ်သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြခဲ့သည်။
 
အတန်ငယ်ကြာသည့်အခါ သူ၏ မြေးအကြီးဖြစ်သူကို ရှာမတွေ့သဖြင့် လိုက်ရှာခဲ့သော်လည်း မတွေ့သဖြင့် အိမ်နီးချင်းများထံ အကူညီတောင်းကာ ရဲစခန်းသို့ အကြောင်းကြားခဲ့သည်။ ရဲများရောက်လာသည့်အခါ နေရာအနှံ့ရှာဖွေခဲ့ပြီးနောက် အဝတ်လျှောင်စက်အတွင်း ရေနစ်သေဆုံးနေသော ကလေးငယ်ကို တွေ့ခဲ့ကြရသည်။
 
ဒီအဖြစ်အပျက်ဟာ အလွန်ကြေကွဲဖို့ ကောင်းပါတယ်၊ ဒါဟာ ကလေးငယ်တွေကို မျက်စိအောက်က အပျောက်မခံပဲ ထိန်းသိမ်းစောင့်ရှာက်ဖို့လိုကြောင်း မိဘတွေကို ပြလိုက်တဲ့ သင်ခန်းစာပါပဲ” ဟု ရဲတပ်ဖွဲ့ အကြီးအကဲ တစ်ဦးက ပြောကြားခဲ့ပါတယ်။
 
ခန့်မှန်းချက်အရ ကလေးဟာ ခုံတစ်လုံးပေါ်ကနေ အဝတ်လျှော်စက်ထဲကို ဝင်ခဲ့တာဖြစ်နိုင်ပြီး မတော်တဆ သေဆုံးမှုကို အတည်ပြုနိုင်ရန် ဆေးစစ်ချက်အဖြေများကို စောင့်ဆိုင်းလျှက်ရှိကြောင်း သိရှိရသည်။
 


Follow us on