1. Home
  2. Myanmar News

ဇွဲကပင်တောင်ပေါ်မှ ခုန်ချသွားခဲ့သူ၏ ချစ်သူအမျိုးသမီး တောင်ပေါ်သို့ လိုက်လာသဖြင့် အထူးစောင့်ရှောက်နေရ

Myanmar News ก.พ. 26, 2560 view 1,605
ဖေဖော်ဝါရီလ ၁၇ ရက်နေ့က ပုဂ္ဂလိက အချစ်​ရေးခံစားချက်ကြောင့် ဇွဲကပင်တောင်ထိပ်ရှိ ကရင်မောင်နှမ နတ်ကွန်းပေါ်မှ တောင်အောက်သို့ ခုန်ချကာ မိမိကိုယ်ကိုယ် အဆုံးစီရင်ခဲ့သည့် ပြင်သစ်နိုင်ငံသား၏ ချစ်သူ ပြင်သစ်နိုင်ငံသူ ဇွဲကပင်တောင်ထိပ်ပေါ်သို့ ဖေဖော်ဝါရီ ၂၅ ရက်နေ့က လိုက်လာခဲ့ကြောင်း သိရှိရသည်။
 
 
သူတို့ချစ်သူနှစ်ဦး စကားများရန်ဖြစ်ပြီးနောက် လမ်းခွဲရန် ဆုံးဖြတ်ခဲ့ကြရာ အမျိုးသားက အသည်းကွဲဝေဒနာ အကြီးအကျယ်ခံစားခဲ့ရပြီး၊နောက်ဆုံးတွင် မိမိကိုယ်ကို အဆုံးစီရင်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ သတင်းကို ချစ်သူကောင်မလေးက သိရှိခဲ့ပြီးနောက် ယူကြုံးမရဖြစ်ကာ သူ့ချစ်သူ ခုန်ချသွားခဲ့သည့် ဇွဲကပင်တောင်သို့ အရောက်လာခဲ့ပြီးနောက် ခုန်ချခဲ့သည့်နေရာတွင် ပန်းလေးများကြဲချခြင်း၊ သစ်သီးများ ပစ်ချခြင်းဖြင့် ဝမ်းနည်းဆွေ့မြေ့ပူဆွေးနေကြောင်း မျက်မြင်သက်သေများထံမှ သိရှိရသည်။
 
 
 
အဆိုပါ ပြင်သစ်အမျိုးသမီးအား ဇွဲကပင်တောင်ပေါ်ရှိ တာဝန်ရှိသူများနှင့် ဘုန်းတော်ကြီးများကပါ ထပ်မံလိုက်ခုန်ချသွားမည် စိုးရိမ်သောကြောင့် အထူးစောင့်ကြည့်နေရကြောင်း သိရှိရသည်။
 
Source:ကရင်ပြည်နယ် Digital Media Group


Follow us on