1. Home
  2. Myanmar News

သံပိုက်ခေါင်းထဲ ၀င်ကစားရင်း ပြန်ထွက်မရလို့ မီးသတ်က သွားရောက် ကယ်ထုတ်ရ

Myanmar News ก.พ. 27, 2560 view 1,417

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ကုက္ကိုလှကျေးရွာအုပ်စုက အသက်ငါးနှစ်အရွယ် ကလေးတစ်ယောက်ဟာ ရေသွယ်တန်းတဲ့ သံပိုက်ခေါင်းထဲမှာ ၀င်ကစားရင်း ပြန်ထွက်လို့မရတာကြောင့် ပခုက္ကူမြို့နယ် မီးသတ်ဌာနမှ သွားရောက် ကယ်ထုတ်ခဲ့ရတယ်လို့သိရပါတယ်။

” ကလေးကပိုက်ခေါင်းထဲဝင်ပြီး ဆော့ကစားတာ အဲ့သည်အချိန်မှာ ခြေထောက်နှစ်ဖက်က ကွေးနေပြီးတော့ ထွက်လို့မရတော့ဘူးဖြစ်သွားတာပါ “လို့ ပခုက္ကူမြို့နယ်မီးသတ်ဦးစီးဌာနက လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်နိုင်ကပြောပါတယ်။

အဆိုပါဖြစ်စဉ်ဟာ ဖေဖော်ဝါရီလ ၂၆ရက်နေ့ မနက်ပိုင်းမှာဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ကလေးငယ်နှစ်ဦးဟာ ပခုက္ကူမြို့နယ် ရေအရင်းအမြစ်ဦးစီးဌာန ရှင်းလင်းရေးဆောင်အနီးမှာရှိတဲ့ ရေသံပိုက်ထဲကို ၀င်ကစားခဲ့တာဖြစ်ပါတယ်။ ကလေးငယ်နှစ်ဦးမှာတစ်ဦးက ယောက်ကျားလေးဖြစ်ကာ ပိတ်မိခဲ့တာကတော့ မိန်းကလေးဖြစ်ပြီးနှစ်ဦးစလုံးဟာအသက် ငါးနှစ်အရွယ်ရှိပြီလို့သိရပါတယ်။ ကလေးငယ်ပိတ်မိခဲ့တဲ့ ရေသံပိုက်ခေါင်းက အချင်း(၁)ပေရှိပြီး အထူ (၁)လက်မရှိတယ်လို့လည်းသိရပါတယ်။ ပိတ်မိခဲ့တဲ့ကလေးဟာ ထိခိုက်ဒဏ်ရာအနည်းငယ်ရပြီး ခြေထောက်နှစ်ဖက်လုံးနာကျင်နေတာကြောင့် ပခုက္ကူပြည်သူဆေးရုံကို ပို့ဆောင်ထားတယ်လို့လည်းသိရပါတယ်။

Credit ; kumudranews



Follow us on