1. Home
  2. Special or Others

အိုင်ဖုန်းဆဲဗင်းပလက်စ် အဖြူရောင်လာမည်

Special or Others ก.พ. 27, 2560 view 1,465

 အက်ပဲလ်ရဲ့အိုင်ဖုန်းဆဲဗင်းမှာ အရင်က jet black အမည်း ရောင်ပဲထွက်ခဲ့ပေမဲ့ အခုဆိုရင်တော့ အဖြူရောင်အိုင်ဖုန်းဆဲဗင်းကို ဝယ်ယူနိုင်တော့မှာ ဖြစ်ကြောင်း နိုင်ငံတကာ နည်းပညာသတင်း အချို့ရဲ့ဖော်ပြချက်အရသိရပါတယ်။ အခုဆိုရင်အိုင်ဖုန်းဆဲဗင်းက ကျပ် ၁၁ သိန်းနီးပါးဈေးရှိတာဖြစ်ပါတယ်။ အိုင်ဖုန်းဆဲဗင်းက jet black ဗားရှင်းထွက်ခဲ့ပြီး အခုကတော့ jet whi-te version ပဲဖြစ်ပါတယ်။

အရောင်ပဲပြောင်းသွားမှာဖြစ်ပြီး ဖုန်းအတွင်းအပြင် ဖီးချားဒီဇိုင်းကတော့ အရင်အတိုင်းပဲ ဖြစ်ပါတယ်။ ဈေးနှုန်းအရကတော့ အရေအတွက် ကန့်သတ်နိုင်တာကြောင့် အော်ဒါအလိုက်မှာယူတဲ့ ဈေးနှုန်းနဲ့ ထုတ်ကုန်ပစ္စည်းဈေးနှုန်းကို ပေါင်းလိုက်ရင် မူရင်းသတ်မှတ်ထားတဲ့ဈေးထက် ကျော်နိုင်ကြောင်းသိရပါတယ်။

Credit ; kumudranews



Follow us on