1. Home
  2. Special or Others

ဂျက်မားက သူရဲ့ကျေးဇူးရှင်ပါလို့ ပြောလာတဲ့ မိန်းမချောလေး

Special or Others ก.พ. 27, 2560 view 1,739
တရုပ်နိုင်ငံက ဝမ်မိန်းကျိ ဆို့တဲ့ အမျိုးသမီးလေးဟာ အွန်လိုင်းကနေတစ်ဆင့် ရောင်းချတဲ့ အဆင်တန်ဆာပစ္စည်းတွေအတွက် မော်ဒယ်လုပ်ပေးနေရတဲ့သူတစ်ဦးဖြစ်ပါတယ်။ အဓိကအားဖြင့် ဖိနပ်တွေ၊ လက်ဝတ်လက်စား ဖန်စီပစ္စည်းလေးတွေကို ဝတ်ဆင်ပြီး ကြော်ငြာဓါတ်ပုံတွေရိုက်ပေးရတာဖြစ်ပါတယ်။
 
 
သူမကောလိပ်ကျောင်း ဒုတိယနှစ်ကစလို့ မော်ဒယ်အလုပ်ကို စတင်လုပ်ကိုင်ခဲ့သူပါ။ ပြီးခဲ့တဲ့ ရက်အနည်းငယ်တုန်းက ဖိနပ်အရံ ၁၀၀ အတွက် ကြောငြာမော်ဒယ်လုပ်ဖို့ အလုပ်လက်ခံထားခဲ့ပါတယ်။ ဒီအလုပ် သူမအတွက် နှစ်ရက်ခွဲအတွင်း ပြီးအောင် လုပ်မယ်လို့ ဆုံးဖြတ်ထားပါတယ်။
 
 
ဖိနပ်ကြေငြာအတွက် မော်ဒယ်လုပ်ရတဲ့ အလုပ်က တစ်ကယ်တော့ သိပ်မလွယ်လှပါဘူး၊ ဖိနပ်တစ်ရံခြင်းစီအတွက် လိုက်ဖက်တဲ့ အဝတ်အစား တွဲဖက်ပစ္စည်းတွေ ဝတ်ဆင်ပြီး ဓါတ်ပုံရိုက်ကူးရတာဖြစ်တယ်လို့ သူမက ဆိုပါတယ်။
 
 
တစ်ပတ်မှာ ခြောက်ရက်လောက် အလုပ်လုပ်ရပြီး ဓါတ်ပုံကောင်းကောင်းရဖို့ နေရာအသစ်တွေကို တစ်လ နှစ်ခါလောက် သွားရသလို နိုင်ငံခြားတိုင်းပြည်တွေကိုလည်း တစ်နှစ်မှာ အနည်းဆုံး ခရီးငါးကြိမ်လောက် ထွက်တတ်ပါတယ်လို့ ပြောပါတယ်။
 
 
 
ဘယ်လိုပင် အလုပ်များနေပါစေ သူမရဲ့ ဝင်ငွေဟာ တစ်ရက်ကို တရုပ်ယွမ် ၄,၀၀၀ (ကျပ်ငွေ ရှစ်သိန်းကျော်) ရှိလို့ ပျော်ပါတယ်လို့ ဆိုပါတယ်။
 
 
ဒါကြောင့်မို့ သူမဟာ တရုပ်နိုင်ငံရဲ့ အကြီးဆုံး အွန်လိုင်းဈေးဆိုင်ကြီး တည်ထောင်သူ “ဂျက်မား” ကို အထူးပင်ကျေးဇူးတင်တယ်လို့ ပြောလိုက်ခြင်းဖြစ်ပါတယ်၊
 
 
အခုလို အွန်လိုင်းဈေးဆိုင်တွေ ဖွံ့ဖြိုးလာတဲ့အတွက် သူမတို့လို မော်ဒယ်တွေ အလုပ်အကိုင်တွေ ရလာခဲ့ပါတယ်။ အွန်လိုင်းမှ ဈေးရောင်းချသူတွေဟာ သူတို့ရဲ့ ကုန်ပစ္စည်းတွေအတွက် မော်ဒယ်တွေ နေ့စဉ်လိုအပ်နေဆဲဖြစ်ပါတယ်။
 


Follow us on