မြန်မာနိုင်ငံ ပညာရေးဝန်ကြီးဌါန လက်အောက်ရှိ ကျောင်းစာသင်ခန်းအချို့တွင် မသန်စွမ်းကျောင်းသား ကျောင်းသူများ ပညာသင်ကြားရန် ငြင်းပယ်ခံရမှုများ ရှိနေသည့်အတွက် မသန်မစွမ်းသူများ ခွဲခြားဆက်ဆံခံနေရကြောင်းသိရှိရသည်။
ထို့အပြင် ပညာရေးဝန်ထမ်းအဖြစ် လျှောက်ထားမှုများတွင်လည်း ငြင်းပယ်ခံရလျှက်ရှိသည်အတွက် ယင်းကဲ့သို့ ခွဲခြားဆက်ဆံခံနေရမှုအပေါ် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာစမ်းစစ်သုံးသပ်ရေးကော်မတီကို တင်ပြသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်ထံမှ သိရှိရသည်။
သူရဦးရွှေမန်း ဦးဆောင်သည့် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာစမ်းစစ်သုံးသပ်ရေးကော်မရှင်ကို မတ်လ ၉ ရက်နေ့တွင် မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်မှ သွားရောက်တွေ့ဆုံမည်ဖြစ်သည်။
၂၀၁၅ ခုနှစ်တွင် အတည်ပြုပြဌါန်းခဲ့သော မသန်စွမ်းသူများဆိုင်ရာဥပဒေတွင် မသန်စွမ်းကလေးငယ်များအနေနှင့် မည်သည့်စာသင်ကျောင်းတွင်မဆို တက်ရောက်ပညာသင်ယူနိုင်ကြောင်းကို ဖော်ပြပါရှိထားကြောင်း သိရှိရသည်။
Source:မြစ်မခမီဒီယာ