1. Home
  2. Myanmar News

မြန်မာ့စီးပွားရေးလုပ်ငန်း စစ်တမ်း ၂၀၁၅ တွင် အလုပ်သမားတစ်ဦး ၀င်ငွေကို တစ်နာရီ ကျပ် ၅၅၀ ရဟု ဖော်ပြ

Myanmar News ก.พ. 28, 2560 view 1,474

မြန်မာ့စီးပွားရေးလုပ်ငန်း စစ်တမ်း ၂၀၁၅ အစီရင်ခံစာကို ကမ္ဘာ့ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီ အစဉ်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေး ၀န်ကြီးဌာန ဗဟိုစာရင်းအင်းအဖွဲ့ တို့ ပူးပေါင်း၍ စစ်တမ်းကောက်ခံခဲ့သည်။ စစ်တမ်းကောက်ယူရခြင်းသည် မြန်မာနိုင်ငံ၏ ပုဂ္ဂလိကကဏ္ဍနှင့် သက်ဆိုင်သော စီးပွားရေးစာရင်းအင်းများ ပြည့်စုံစွာပံ့ပိုးနိုင်ရန်၊ အစိုးရ၏ မူဝါဒချမှတ်သူများ၊ အစိုးရ မဟုတ်သော ပါဝင်ပတ်သက်သူများအားလုံး သတင်း အချက်အ လက်များ ပံ့ပိုးနိုင်ရန်၊ အမျိုးသား စာရင်းအင်း တွက်ချက်ရာတွင် အဓိကကျသော အချက်အလက် အရင်းအမြစ်တစ်ခု ရရှိစေရန် ရည်ရွယ်ကြောင်း အစီရင်ခံစာ တွင် ဖော်ပြထားသည်။ ၀န်ဆောင်မှုကဏ္ဍတွင် အ ချိန်ပြည့် အလုပ်သမားတစ်ဦး၏ တစ်နာရီဝင်ငွေသည် ကျပ် ၅၁၀၊ အချိန်ပိုင်း အလုပ်သမားတစ်ဦး၏ တစ်နာရီဝင်ငွေသည် ကျပ် ၄၂၀ သာရှိကြောင်း အစီရင်ခံစာ၌ ဖော်ပြထားသည်။

အဆိုပါစစ်တမ်းကို ဖေဖော် ၀ါရီ ၂၅ ရက်က ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပြီး အစိုးရသစ်၏ စီးပွားရေး မူဝါဒအသစ်ကို အကောင်အ ထည်ဖော်ရန် ကြိုးပမ်းနေသော မူဝါဒချမှတ်သူများနှင့် အစိုးရအ ရာရှိများအတွက် အထောက် အကူဖြစ်နိုင်မည်ဟု ΥΝΔΠ ၏ ဌာနေညှိနှိုင်းညွှန်ကြားရေးမှူး မစ္စ တာပီတာဘတ်ချလာက ပြော ကြားသည်။ မြန်မာနိုင်ငံတွင် တည်ရှိနေ သော စီးပွားရေးလုပ်ငန်းများ၏ ပမာဏကို အလုပ်သမားလုပ် ကိုင်နိုင်မှု အခြေအနေဖြင့် ဖော်ပြရာ ထုတ်ကုန်ကဏ္ဍ၌ ၀န် ထမ်းအင်အား ၁၀ ဦးအောက်ရှိ သော လုပ်ငန်းများက အများဆုံး ဖြစ်နေပြီး ၈၅ ရာခိုင်နှုန်းရှိသည်။ အလုပ်သမား ၂၀ ဦး အောက် လုပ်ငန်းများက ၁၀ ရာခိုင်နှုန်းနှင့် ၈ ရာခိုင်နှုန်းကြားရှိသည်ဟု အစီ ရင်ခံစာတွင် ဖော်ပြထားသည်။ ကုန်သွယ်မှုကဏ္ဍတွင် အ လုပ်သမားဦးရေ ၁၀ ဦးအောက်ရှိ လုပ်ငန်းက ၉၅ ရာခိုင်နှုန်းရှိနေပြီး အလုပ်သမား ၂၀ ဦးအောက်ရှိ သော လုပ်ငန်းက ၆ ရာခိုင်နှုန်းရှိ သည်ဟု ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် အလုပ် သမားများ ပါဝင်လုပ်ကိုင်နေ သည့် လုပ်ငန်းများ၌ ကုန်ထုတ် လုပ်မှုကဏ္ဍတွင် အများဆုံးဖြစ်နေပြီး လုပ်သားဦးရေ ၆၄၀,၀၀၀ ကျော်ဖြင့် အများဆုံး ၅၈ ရာခိုင် နှုန်းရှိကြောင်း၊ ၀န်ဆောင်မှုကဏ္ဍ က အလုပ်သမား ၂၅၀,၀၀၀ ကျော် ၂၃ ရာခိုင်နှုန်းဖြင့် ဒုတိယ၊ကုန်သွယ်မှုကဏ္ဍတွင် အလုပ် သမားဦးရေ ၂၀၀,၀၀၀ ကျော် ၁၉ ရာခိုင်နှုန်းရှိသည်ဟု ဖော်ပြ ထားသည်။ မြန်မာ့စီးပွားရေးစစ်တမ်း ၂၀၁၅ သည် နိုင်ငံအတွင်းရှိ အ သေးစားနှင့်အလတ်စားလုပ်ငန်း ကဏ္ဍအတွင်း ရင်ဆိုင်နေရသည့် ကန့်သတ်ချက်များနှင့် အခက်အ ခဲများကို အသေးစိတ် သိရှိနား လည်စေရန် ကူညီခြင်းဖြစ်သည် ဟု မစ္စတာ ပီတာဘတ်ချလာက အစီရင်ခံစာတွင် ပြောကြားထား သည်။ အစီရင်ခံစာ ရေးသားထုတ် ပြန်နိုင်ရေး ထုတ်လုပ်မှုကဏ္ဍတွင် လုပ်ငန်း ၁,၂၂၇ ခု၊ ၀န်ဆောင်မှု ကဏ္ဍတွင်လုပ်ငန်း ၆၁၉ ခုနှင့် ကုန်သွယ်မှုကဏ္ဍတွင် လုပ်ငန်း ၁,၆၅၉ ခုတို့ကို စစ်တမ်းကောက် ယူခဲ့ခြင်းဖြစ်သည်။

Credit : 7daydaily



Follow us on