1. Home
  2. Myanmar News

စင်ကာပူနိုင်ငံရှိ Cold Storage အရောင်းဆိုင်များတွင် မြန်မာ့ထွက်ကုန် ဟင်းသီးဟင်းရွက်များ ရောင်းချခွင့်ရ

Myanmar News ก.พ. 28, 2560 view 1,516
မြန်မာနိုင်ငံမှ ထွက်ရှိသော ဟင်းသီးဟင်းရွက်များကို စင်ကာပူနိုင်ငံရှိ Cold Storage အရောင်းဆိုင် ၁၅ ဆိုင်တွင် တင်ပို့ရောင်းချခွင့် ရရှိခဲ့ပြီး စတင်ရောင်းချတော့မည်ဖြစ်ကြောင်း စင်ကာပူအသိုင်းအဝိုင်းမှ သတင်းရရှိသည်။
 
Dairy Firm International Holdings မှ ပိုင်ဆိုင်သော Cold Storage အရောင်းဆိုင်များသည် စင်ကာပူနိုင်ငံတွင် ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံများနှင့် စားသောက်ကုန်ပစ္စည်းများ ရောင်းချသော ထိပ်တန်းအရောင်းဆိုင် တစ်ခုဖြစ်ပြီး ထူးခြားချက်အနေနှင့် Cold Storage ဆိုင်များတွင် ရောင်းချသော အစားအသောက် အသီးအနှံများမှာ လတ်ဆတ်၍ ကျန်းမာရေးနှင့် ညီညွတ်သော “Organic” သဘာဝသီးနှံများသာ ဖြစ်သည့်အလျှောက် အဆိုပါဆိုင်များတွင် တင်ပို့ရောင်းချခွင့်ရရန် လွယ်ကူသည်တော့မဟုတ်ပေ။
 
 
Cold Storage ဆိုင်တွင် ဝယ်ယူအားပေးကြသူ အများစုမှာ ဥရောပသားလူဖြူများ ဖြစ်လေ့ရှိပြီး ဈေးနှုန်းမှာလည်း သာမန်စူပါမားကတ်များထက် အနည်းငယ် မြင့်ကြောင်းသိရှိရသည်။
 
 
ယခုအခါ မြန်မာဂျီပီမှ တင်သွင်းလာသော မြန်မာ့ဟင်းသီးဟင်းရွက်များကို Cold Storage ဆိုင်များတွင် ရောင်းချခွင့်ရရှိပြီဖြစ်ကာ လာမည့် မတ်လ ၁ ရက် (တောင်သူလယ်သမားနေ့)က စတင်၍ Cold Storage ဆိုင်များတွင် ရောင်းချသွားတော့မည်ဖြစ်ကြောင်း သတင်းရရှိသည်။
 


Follow us on