1. Home
  2. Special or Others

သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းကြား ဓားထိုးအသတ်ခံခဲ့ရသည့် မြန်မာအမျိုးသားအမှု

Special or Others ก.พ. 28, 2560 view 1,607

ထိုင်းနိုင်ငံ၊ ပထုံခရိုင်တွင်းက ပင်မင်းဆိုင်တဆိုင်တွင်းမှာ ဖေဖော်ဝါရီ ၂၇ ရက် မနက်ပိုင်းက အမျိုးသား ၅ ဦးက မြန်မာတဦးကို ဓားနဲ့ထိုးပြီး သတ်ခဲ့တဲ့အမှုဟာ သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းတခုကြောင့်ဖြစ်နိုင်ပြီး ဒါကို ရဲတွေက စုံစမ်းရှာဖွေနေကြပါတယ်။ ပထုံရဲဌာန ဒုတိယဗိုလ်မှူးကြီး ဆီရီနက် ချာ့ဒ်ချတ်ထရာကူလ်ထောင်က

“Dry Cleaning World ပင်မင်းဆိုင်ကြမ်းပြင်မှာ သွေးတွေပြန့်ကျဲ စွန်းထင်းနေပြီး အနားမှာ ဓားတလက် တွေ့ပါတယ်။ အလောင်းကိုတော့ ကူဆိုလ်ဒ်ဟမ်ဖောင်ဒေးရှင်း လူမှုကူညီရေးအသင်းရဲ့ အကူအညီနဲ့ ပထုံဆေးရုံကို ပို့ထားပါပြီ”

လို့ ပြောပါတယ်။ ဖူးခက်ဂေဇက်သတင်းမှာတော့ သေဆုံးသူ မြန်မာအမျိုးသားဟာ အသက် ၂၂ နှစ်အရွယ် ကိုချစ်လို့ ဖော်ပြထားပြီး သူ့ရဲ့ နောက်ကျောဘက်မှာ ဓားနဲ့ ထိုးသွင်းဒဏ်ရာကို တွေ့ရှိခဲ့ရတာပါ။ “အခင်းဖြစ်တဲ့နေရာမှာ မျက်မြင်တွေ့ရှိသူ သေဆုံးသူရဲ့ သူငယ်ချင်း အမျိုးသမီးဖြစ်တဲ့ ရီနိုင်ကို ကျနော်တို့ စုံစမ်းမေးမြန်းခဲ့ပါတယ်။ တင်နိုင်စိုးလို့ခေါ်တဲ့ လူအပါအဝင် အမျိုးသား ၅ ဦးဟာ ဆိုင်ကယ်တွေနဲ့ ရောက်လာကြပြီး ဆိုင်ထဲဝင် ကိုချစ်ကို ဓားနဲ့ထိုးဖို့ ကြိုးစားခဲ့ကြတာပါ။ သူဟာ ထွက်ပြေးဖို့ ကြိုးစားပေမယ့် မလွတ်နိုင်ဘဲ ဓားနဲ့ထိုးခံခဲ့ရပြီး အဲဒီလူတွေက ထွက်ပြေးသွားခဲ့ကြတာပါ” လို့ ဆီရီနက်က ပြောပါတယ်။

တင်နိုင်စိုးရဲ့ ဇနီးဖြစ်သူဟာ သူ့ကိုထားခဲ့ပြီး သေဆုံးသူ ကိုချစ်နဲ့ အတူနေထိုင်တာမို့ ဒါဟာ မနာလိုမှုနဲ့ လက်စားချေတာ ဖြစ်နိုင်တယ်လို့ ရီနိုင်က ပြောပါတယ်။ လက်ရှိမှာတော့ တရားခံတွေဟာ ကာရွန်ဒေသဆီ ဦးတည်ထွက်ပြေးသွားခဲ့ပြီး ရဲတွေက ရှာဖွေနေကြတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

Credit : burmese.dvb.no/



Follow us on