1. Home
  2. Special or Others

“အန်ကယ်ကတော့ နိုးပါကွယ်” ဆိုတဲ့ ဒိုင်လူကြီးမင်း ဆလံပေးရမယ့် ကလေးငယ်

Special or Others ก.พ. 28, 2560 view 1,655
အသက် ၁၂ သာရှိသေးတဲ့ “Elha Nympha” ဆိုတဲ့ ကလေးမလေးဟာ ထူးခြားတဲ့ အသံပိုင်ရှင်ဖြစ်ပြီး အမြင့်သံ(high note) အနိမ့်သံ (low note) တွေကို အသက်အရွယ်နဲ့ မလိုက်အောင် ပိုင်ပိုင်နိုင်နိုင်သီဆိုတတ်သူမို့ “The Voice Kids Philippines Season 2” မှာ ချံပီယံရခဲ့သူလေးဖြစ်ပါတယ်။
 
ကမ္ဘာတစ်လွှားက ထူးခြားတဲ့ကလေးငယ်တွေကို ခေါ်ယူပြီး တင်ဆက်လေ့ရှိတဲ့ အမေရိကန်တီဗီအစီစဉ် “Little BigShots” က ဖိလစ်ပိုင်နိုင်ငံမှာ နေထိုင်တဲ့ သူမကို ယခုလထဲမှာ ဖိတ်ကြားပြီး တွေ့ဆုံမေးမြန်း တင်ဆက်မှု ပြုလုပ်ခဲ့ပါတယ်။ “Little BigShots” အစီစဉ်တင်ဆက်သူ Steve Harvey ဟာ ကလေးတွေကို ချစ်တတ်သူဖြစ်သလို၊ ကလေးတွေ စကားပြောလာအောင် လမ်းကြောင်းပေးတတ်သူလည်းဖြစ်ပါတယ်၊ ဒါ့အပြင် ဟာသဉာဏ်လည်းရွှင်တာကြောင့် ပရိဿတ်တွေ ပွဲကျသွားအောင် ပြောနိုင်ဆိုနိုင်သူလည်းဖြစ်ပါတယ်။ 
 
ဒီပွဲမှာ ၁၂ နှစ်သမီးလေး “Elha Nympha” က သူ့ကို ဘယ်လို အံ့သြသွားအာင်လုပ်မယ်ဆိုတာ ဗီဒီယိုမှာ မြင်တွေ့ရပါလိမ့်မယ်။ 
 
 
“The Voice Kids Philippines Season 2” မှာ သူမရဲ့ သီဆိုယှဉ်ပြိုင်ပုံကို နားထောင်ကြည့်ရှုခံစားပြီးရင်တော့ “အန်ကယ်ကတော့ နိုးပါကွယ်” ဆိုတဲ့ ဒိုင်လူကြီးမင်းတောင် ဆလံပေးသွားပါလိမ့်မယ်။
 


Follow us on