1. Home
  2. Special or Others

ကာတာနိုင်ငံမှာ အိမ်အကူလုပ်ခဲ့တဲ့ အင်ဒိုနီးရှားအမျိုးသမီး ကျောက်ကပ်ထုတ်ယူခံခဲ့ရ

Special or Others ก.พ. 28, 2560 view 1,638
အင်ဒိုနီးရှားနိုင်ငံမှ ကာတာနိုင်ငံ ဒိုဟာမြို့တွင် အိမ်အကူအဖြစ် အလုပ်သွားရောက်လုပ်ကိုင်ခဲ့သူ အမျိုးသမီး အတွင်းကလီစာ ကုန်ကူးခံခဲ့ရသည့် အဖြစ်သို့ ရောက်ရှိခဲ့သည်။
 
အသက် ၂၅ နှစ်အရွယ် စီရီရာဘိတာဆိုသူ အမျိုးသမီးတစ်ဦးသည် ၂၀၁၄ ခုနှစ်တွင် အိမ်အကူအဖြစ်အလုပ်လုပ်ကိုင်ရန် ဒိုဟာမြို့သို့ရောက်ရှိခဲ့ပြီး အိမ်ရှင်ဖြစ်သူ၏ အနိုင်ကျင့်ခံခဲ့ရခြင်းဖြစ်သည်။
 
သူမ အလုပ်စဝင်ပြီး သုံးရက်မြောက်နေ့မှာ အိမ်ရှင်ဖြစ်သူက ဆေးရုံသို့ ခေါ်ဆောင်သွားခဲ့ပြီး ဘာမှမသိခဲ့ရသော ခွဲစိပ်မှုတစ်ခု လုပ်ခံခဲ့ရသည်။ နောက်တစ်ရက် သူပြန်လည်သတိရလာသည့်အချိန်တွင် နာကျင်မှုဝေဒနာခံစားခဲ့ရပြီး ဗိုက်တွင်လည်း ချုပ်ရာတွေ့ရှိခဲ့ရသည်။ သူမ၏ အိမ်ရှင်ဖြစ်သူက ထိုအကြောင်းကို လုံးဝမပြောတော့ပဲ သိပ်မကြာမီမှာ သူမရဲ့ အလုပ်အကိုင် အေဂျင်စီသို့ ပြန်ပို့ခဲ့သည်။
 
နောက်ထပ် အိမ်ရှင်အသစ်ထံတွင် ထပ်မံအလုပ်လုပ်ကိုင်ခံရသော်လည်း မကြာခဏ နေမကောင်းဖြစ်လာသည့်အတွက် အင်ဒိုနီးရှားသို့ ပြန်ပို့ခြင်းခံခဲ့ရသည်။ ယခုနှစ်ဆန်းပိုင်းတွင် ဆေးရုံတွင် ဆေးစစ်ခဲ့ရာမှ သူမ၏ ကျောက်ကပ်တစ်လုံး ထုတ်ယူခြင်းခံခဲ့ရကြောင်း သိရှိခဲ့ပြီးနောက် အင်ဒိုနီးရှားအစိုးရထံ အကူညီတောင်းခံကာ ပြစ်မှုကျူးလွန်ခဲ့သူကို တရားစွဲဆိုပေးရန် အသနားခံလျှက်ရှိကြောင်း သိရှိရသည်။
 


Follow us on