1. Home
  2. Myanmar News

မှုခင်းကာကွယ်ရေးအတွက် လမ်းမီးတိုင်နှင့် CCTV ကင်မရာများ တပ်ဆင်မည်

Myanmar News มี.ค. 01, 2560 view 1,574
ရန်ကုန်တိုင်းဒေသကြီးအတွင်း တရားဥပဒေစိုးမိုးရေးနှင့် မှုခင်းကျဆင်းစေရန် ရည်ရွယ်၍ လမ်မကြီးများတွင် လမ်းမီးတိုင်နှင့် CCTV ကင်မရာများ တပ်ဆင်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားခဲ့သည်။
 
ဖေဖော်ဝါရီလ ၂၇ ရက် ညပိုင်း လှိုင်သာယာမြို့နယ်အတွင်း ရဲတပ်ဖွဲ့များ လှည့်ကင်းတာဝန်ယူဆောင်ရွက်နေမှုများကို လိုက်လံစစ်ဆေးစဉ် ဝန်ကြီးချုပ်က ပြောကြားခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် ထောက်ကြန့်အနီးတွင် လမ်းမီးတိုင်နှင့် CCTV ကင်မရာတပ်ဆင်မှုများကို Pilot Project အဖြစ်စတင်ဆောင်ရွက်နေပြီး အဆင်ပြေမှုရှိပါက ရန်ကုန်မြို့၏ အခြားနေရာများတွင်ပါ ဆက်လက်၍ တပ်ဆင်သွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။
 
Ref:CNB
Video:CNB 
 


Follow us on