1. Home
  2. Myanmar News

ရန်ကုန်သင်္ကြန်မဏ္ဍပ်ဆောက်လုပ်ခွင့် စတင်လျှောက်ထားနိုင်ပြီ

Myanmar News มี.ค. 01, 2560 view 1,506

ယခုနှစ် ရန်ကုန်သင်္ကြန် မဏ္ဍပ်ဆောက်လုပ်ရန် လျှောက် လွှာများကို ဖေဖော်ဝါရီ ၂၇ ရက် တွင် စတင်လက်ခံနေပြီး လျှောက် ထားချက်အပေါ် မူတည်၍ ခွင့်ပြု ပေးမည်ဖြစ်ကာ အရေအတွက်ကို ကြိုတင်ကြေညာမထားကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီ၊ အင်ဂျင်နီယာဌာန (လမ်း/တံတား) ဒုတိယဌာနမှူး ဦးစိုးသိန်းအောင်က ပြောသည်။

‘‘လျှောက်ထားလာတဲ့နေရာ နဲ့ အရေအတွက်ကို တိုင်းဒေသ ကြီးအစိုးရအဖွဲ့က ပြန်စိစစ်ပြီး ခွင့်ပြုမှာပါ။ စလျှောက်တာတွေ လည်းရှိနေပါပြီ’’ဟု ၎င်းက ပြော သည်။ သင်္ကြန်မဏ္ဍပ်ဆောက်လုပ် ခြင်းလုပ်ငန်းအတွက် စည်းကမ်း ချက်များသည် ယခင်နှစ်က သတ် မှတ်ထားသည့်အတိုင်းဖြစ်ပြီး လျှောက်လွှာများကို မတ်လကုန်အထိ လက်ခံမည်ဖြစ်သည်။ ‘‘အရင်အတိုင်း စည်းကမ်း ချက် ၄၁ ချက်သတ်မှတ်ထား တယ်။ မနှစ်ကမှ စပြီး ပြင်ဆင် သတ်မှတ်ထားတဲ့ စီးပွားဖြစ် မဏ္ဍပ်ဆောက်လုပ်ခွင့်မပြုဘူးဆို တာလည်း ဒီနှစ်မှာ ထပ်ထည့် ထားတယ်’’ဟု

၎င်းက ဆိုသည်။ ထိုသို့ သင်္ကြန်မဏ္ဍပ် လျှောက်လွှာများ စတင်ခေါ်ယူ ထားသည့် နှစ်ရက်အတွင်း လာ ရောက်လျှောက်ထားသူ နှစ်ဦးရှိပြီ ဟု ရန်ကုန်တိုင်းဒေသကြီး ရိုးရာ ယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် ကျင်းပရေးလုပ်ငန်းကော်မတီ အ ဖွဲ့ဝင်တစ်ဦးက ပြောသည်။

‘‘လမ်းနဲ့နေရာတွေ အတိအ ကျ မထုတ်ပြန်သေးတော့ မ လျှောက်ရဲသေးဘူး။ မနှစ်ကလို ဖြစ်မှာစိုးတယ်။ အများကြီးရင်း နှီးမြှုပ်နှံပြီးမှ ဆုံးရှုံးသွားမှာ Org-anizer တော်တော်များများက လန့်နေကြတယ်။ မတ်လကုန်အ ထိ အချိန်ပေးထားတော့ လျှောက် ဖို့တော့ အချိန်ရတယ်။ ဒီနှစ် ပြည် လမ်းလိုနေရာမျိုးကတော့ ဆောက် ခွင့်ရမှာ သေချာသလောက်ရှိတဲ့ အတွက် မြေဈေးတွေကတော့ မနှစ်ကထက်တောင်ကြီးနိုင်သေး တယ်။ လက်မှတ်ရောင်းချခွင့် ပိတ်ရင် မနှစ်ကလို Member ပုံစံ မျိုးနဲ့ပဲ လုပ်ကြမယ့် သဘောရှိ တယ်။ မဏ္ဍပ်တွေကိုတော့ အရေ အတွက်များများ ခွင့်ပြုစေချင် တယ်’’ဟု ပြီးခဲ့သည့်နှစ်က ပြည် လမ်းတွင် မဏ္ဍပ်ဆောက်လုပ်ခွင့် ရရှိခဲ့သည့် Organizer တစ်ဦးဖြစ် သူ ကိုဝေဖြိုးအောင်ကပြောသည်။

ယခုနှစ် သင်္ကြန်တွင် ခရိုင် လေးခု၌ မဏ္ဍပ်လေးခုနှင့် မြို့ တော်ဝန်ဗဟိုမဏ္ဍပ်တို့ကို ယခင် နှစ်များအတိုင်း ဆက်လက် ဆောက်လုပ်မည်ဖြစ်ပြီး ပုဂ္ဂလိက မဏ္ဍပ်များနှင့်ပတ်သက်၍ စီးပွား ဖြစ် လုပ်ကိုင်မှုများမရှိအောင် ဆောင်ရွက်မည်ဟု ၀န်ကြီးချုပ်က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် ဖေဖော်ဝါရီ ၁၇ ရက်၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားထားသည်။

Credit ; 7daydaily

ဓာတ်ပုံ …ပုံဖော်မှုမျှသာ



Follow us on