1. Home
  2. Myanmar News

ဗိုလ်ချုပ်အောင်ဆန်းတံတားဟု အမည်ပေးခြင်းကို NLD အမတ်နှစ်ဦး ကန့်ကွက်

Myanmar News มี.ค. 01, 2560 view 1,440
မွန်ပြည်နယ် ပေါင်မြို့နယ်ကိုယ်စားလှယ် ဒေါ်မိကွန်ချမ်းက မတ်လ ၁ ရက်(ယနေ့) ပြည်သူ့လွှတ်တော်တွင် “မွန်ပြည်နယ်၊ မော်လမြိုင်မြို့နှင့် ချောင်းဆုံမြို့နယ်တို့အကြား သံလွင်မြစ်ပေါ်တွင် ထိုးထားတဲ့ တံတားအမည်အား အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း အမည်နာမနဲ့ ဂုဏ်ပြုသတ်မှတ် ပေးပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းတဲ့” အဆိုတခု တင်ခဲ့ပါတယ်။
 
အဆိုကို ကိုယ်စားလှယ်တဦးက ထောက်ခံပြီးတဲ့နောက် လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က သဘောတူ မတူ မေးမြန်းရာတွင် ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်ကိုယ်စားလှယ်နှင့် နောက်ထပ် ဧရာဝတီတိုင်းမှ ကိုယ်စားလှယ်တဦးတို့က သဘောမတူကြောင်း မတ်တပ်ရပ် ကန့်ကွက်ပြောဆိုခဲ့ကြပါတယ်။
လွှတ်တော်ဥက္ကဋ္ဌက သဘောမတူသူ ၂ ဦးပဲ ရှိလို့ အဆိုကို လက်ခံဆွေးနွေး မယ်လို့ ကြေညာခဲ့ပါတယ်။
 
ဝန်ကြီးချုပ်ရာထူးက နှုတ်ထွက်သွားခဲ့သူ ဦးမင်းမင်းဦးကလည်း သူရာထူးက နှုတ်ထွက်တာ အဲ့ဒီ တံတားနာမည်ကိစ္စကြောင့်လို့ မီဒီယာကိုပြောခဲ့ဖူးပြီး မွန်ပြည်နယ်က သံလွင်တံတားကို ဗိုလ်ချုပ်အောင်ဆန်းတံတားလို့ နာမည် ပေးဖို့ သက်ဆိုင်ရာ ဝန်ကြီးဌာနက စီစဉ်ခဲ့စဉ်ကလည်း ဒေသခံအရပ်ဘက် အဖွဲ့တချို့က ကန့်ကွက်ခဲ့ကြကြောင်းလည်း သိရှိရသည်။
 
Ref:DVB
 


Follow us on