1. Home
  2. Special or Others

ခွေးကလေးရဲ့ ကိုယ်မှာ ဗုံးတပ်ဆင်ပြီး ဖောက်ခွဲရေးအတွက် ပြင်ဆင်နေတဲ့ ISIS အဖွဲ့ ရုပ်/သံ

Special or Others มี.ค. 01, 2560 view 1,515
ခွေးပေါက်လေးများကို အသုံးပြု၍ အကြမ်းဖက်တိုက်ခိုက်ရန် အစ္စလာမ်မစ်အစွန်းရောက် ISIS အဖွဲ့က စီစဉ်လုပ်ဆောင်နေကြောင်း အီရတ်စစ်သားများက သတိပေးထားတဲ့ ဗီဒီယိုတစ်ခုအွန်လိုင်းမှာ ပျံ့နှံ့ခဲ့ပါတယ်။
 
အကြမ်းဖက်သမားတွေဟာ ပလပ်စတစ်ရေသန့်ဗူးထဲမှာ ပေါက်ကွဲစေတဲ့ပစ္စည်းများနဲ့တူ ပေါက်ကွဲလွင့်ထွက်ပြီး လူကိုထိမှန်သေစေမယ့် သံတိုသံစများကို ထည့်သွင်းထားပြီး ခွေးကလေးရဲ့ ခန္ဓာကိုယ်မှာ ချိပ်ဆက် ချည်နှောင်ထားပါတယ်။ အဲဒီနောက် ခွေးလေးကို သူတို့ချေမှုန်းလိုတဲ့ သူတွေဆီလွှတ်လိုက်ပြီး အဝေးထိန်းစနစ်နဲ့ ဖေါက်ခွဲနိုင်ဖို့ စီစဉ်ထားခြင်းဖြစ်ပါတယ်၊ ပေါက်ကွဲမှုတစ်ခုမှာ အနည်းဆုံး လူလေးဦး သေဆုံးနိုင်တယ်လို့ ဖော်ပြထားပါတယ်။
 
ISIS အဖွဲ့ရဲ့ ရက်စက်စွာဖြင့် မစာမနာကြံစည်မှုကို ဗီဒီယိုတွင် ကြည့်ရှုပါ။
 


Follow us on