မီးလောင်မှုအန္တရာယ် အချက်ပေးစနစ်အဖြစ် နေအိမ်များတွင် တပ်ဆင်လေ့ရှိသော မီးခိုးငွေ့ထောက်လှမ်းရေးစက်က မြည်သည့် အချက်ပေးသံကို ကလေးက နားမလည်သည့်အတွက် အိပ်နေရာမှ နိုးလာစေရန် ခက်ခဲကြောင်း သုတေသနပြုချက်အရ သိရှိရသည်။
ယူကေမှ သိပ္ပံပညာရှင်များက အသက် ၂ နှစ်နှင့် ၁၃ နှစ်အကြား ကလေးငယ် ၃၄ ဦးကို သုတေသနပြုစမ်းသပ်မှု ပြုလုပ်ခဲ့ရာ အချက်ပေးစနစ်မြည်သံကြောင့် အိပ်နေရာမှ နိုးထလာနိုင်သည့် ကလေးအရေအတွက်မှာ ၇ ဦးသာ ရှိပြီး အားလုံးဟာ မိန်းကလေးများဖြစ်ကြောင်း တွေ့ရှိခဲ့ရသည်။
ကလေးငယ်များသည် ဒစ်ဂျစ်တယ်စနစ်မှ ထွက်လာသည့် အချက်ပေးသံကို နားလည်နိုင်စွမ်းမရှိသည့်အတွက် ယခုကဲ့သို့ ဖြစ်ရကြောင်း သုတေသနပညာရှင်များက သုံးသပ်ခဲ့ကြကြောင်း ဘီဘီစီသတင်းတစ်ရပ်တွင် ဖော်ပြခဲ့သည်။
ဒီအတွက် နောက်ထပ်အသစ်ထုတ်လုပ်မည့် အချက်ပေးစနစ်များတွင် လက်ရှိစံသတ်မှတ်ထားသည့် အသံလှိုင်းထက် နိမ့်သော 3,000Hz ကနေ 520Hz ထိသာရှိမည်ဖြစ်ပြီး အမျိုးသမီးအချက်ပးစကားပြောသံကိုပါ ထည့်သွင်းပေးထားမည်ဖြစ်သည်။ အဆိုပါ အချက်ပေးစနစ်သစ်ကို မိသားစုပေါင်း ၅၀၀ ခန့်တွင် စမ်းသပ်လျှက်ရှိသည်။
ယောက်ျားကလေးတွေဟာ အချက်ပေးစနစ်သက်သက်ဆိုရင် နိုးထဖို့ ခက်ပေမယ့် လူစကားပြောသံ ပါလာတဲ့အခါမှတော့ သူတို့ရဲ့ တုံ့ပြန်နိုင်အသိက အလုပ်ဖြစ်မှာပါဟု ဆေးသိပ္ပံဆိုင်ရာ သူတေသနပညာရှင် ပရော်ဖက်ဆာ Niamh Nic Daeid က ဘီဘီစီသတင်းမှာ ပြောဆိုခဲ့ပါတယ်။