1. Home
  2. Special or Others

ယာဉ်မဆင်မခြင်မောင်းနှင့်တဲ့ သန်းကြွယ်သူဌေးကြောင့် လူလေးဦးသေဆုံး

Special or Others มี.ค. 01, 2560 view 1,563
ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ဂရိနိုင်ငံ အေသင်မြို့အနီး ဒယ်လ်ဖီမြို့တွင် Porsche အမျိုးအစား ပြိုင်ကားတစ်စီးကို မဆင်မခြင်အရှိန်ပြင်းစွာ မောင်းနှင်ခဲ့မှု့ကြောင့် လူလေးဦးသေဆုံးခဲ့ရသည်။
 
ဂရိနိုင်ငံမှ သန်းကြွယ်သူဌေးသားဖြစ်သူ ဗကာကီဂျူနီယာ ဆိုသူသည် အမေရိကန်တွင် ကျောင်းသွားတက်ရာမှ ဂရိနိုင်ငံသို့ အလည်ပြန်ရောက်လာစဉ် သူ၏ Porsche အမျိုးအစား ပြိုင်ကားကို သူငယ်ချင်းဖြစ်သူနှင့်အတူ မောင်းနှင်ရာမှ လမ်းကွေ့တစ်ခုအရောက်တွင် အရှိန်မထိန်းနိုင်ပဲ လမ်းကြောင်းလွဲသွာကာ လမ်းဘေးအဆောက်အဦအနီး ရပ်နားထားသော Honda Civic အမျိုးအစားကားကိုပါ တိုက်မိပြီး အဆောက်အဦးကို ဖောက်ထွက် မီးလောင်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။
 
မဆင်မခြင်မောင်းနှင်မှုကြောင့် သူ၏သူငယ်ချင်းနှင့်အတူ Honda Civic ကားပေါ်မှ အသက် ၃၃ နှစ်အရွယ် အမျိုးသမီးတစ်ဦးနှင့် သူမ၏ကလေးတစ်ဦးတို့ သေဆုံးသွားခဲ့သည်။ ရဲမှတ်တမ်းများအရ ဗကာကီသည် အရှိန် ကီလို ၁၂၀ ကျော်မောင်းနှင်ခဲ့သည်ဟု ဖော်ပြထားပြီး CCTV ပုံရိပ်များအရ အဆိုးရွားဆုံး ယာဉ်မတော်တဆမှုတစ်ခုဖြစ်ပြီး အကြီးစားပေါက်ကွဲမှုများ ဖြစ်ပေါ်ခဲ့သည်။
 


Follow us on