1. Home
  2. Myanmar News

နိုင်ငံတစ်ဝန်းမြို့နယ် ၃၀၀ တွင် တယ်လီနောကွန်ရက်လွှမ်းခြုံထားဟုဆို

Myanmar News มี.ค. 03, 2560 view 1,399

လက်ရှိ၌ ဆယ်သွယ်ရေး ကွန်ရက်ကို နိုင်ငံအတွင်း ၉၀ ရာခိုင်နှုန်းအထိ တည်ဆောက်နိုင် သော်လည်း အစိုးရသည် ၉၅ ရာခိုင်နှုန်းအထိ တိုးချဲ့တည် ဆောက်ရန် အော်ပရေတာကို တောင်းဆိုနေသည်ဟု တယ်လီ နောမြန်မာစီအီးအို Mr.Lars Erik Tellmann ကပြောကြားသည်။

‘‘ကွန်ရက်တိုးချဲ့တည် ဆောက်တဲ့နေရာမှာ အခြေခံအ ဆောက်အအုံတွေကို မျှဝေအသုံး ပြုနိုင်ဖို့ဆိုတာ အရမ်းအရေးကြီး ပါတယ်။ အခြေခံအဆောက်အ အုံတွေမှာ တာဝါတွေ၊ ဖိုက်ဘာ တွေပါပါတယ်။ ဒါတွေကို မျှဝေ အသုံးပြုနိုင်ရင် ကုန်ကျစရိတ်နဲ့ အချိန်ကုန်ဆုံးမှုမှာ အကျိုးဖြစ် ထွန်းလာမှာပါ’’ဟု ၎င်းကပြော ကြားသည်။

ကွန်ရက်တည်ဆောက်ရာ ၌ အခြေခံအဆောက်အအုံကို အော်ပရေတာအချင်းချင်း မျှဝေ အသုံးပြုရာတွင် တယ်လီနောနှင့် အူရီးဒူးအကြား အတိုင်းအတာ တစ်ခုအထိ ဝေမျှအသုံးပြုနိုင်ခဲ့ သော်လည်း ဈေးကွက်လက်ဦးမှု ရရှိထားပြီးဖြစ်သည့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် အော်ပရေတာများအကြား အခြေခံအဆောက်အအုံမျှဝေ အသုံးပြုနိုင် ရန် ဆွေးနွေးဆဲသာဖြစ်သည်။ ဆက်သွယ်ရေးအော်ပရေ တာ၏ ကွန်ရက်တည်ဆောက်မှု သည် လူနေထူထပ်ရာမြို့နယ်များ ကို စတင်ဆောင်ရွက်ပြီး လျှပ်စစ် မီးမရရှိသည့် ဒေသများ၊ သွား လာရန် ခက်ခဲသော နယ်စပ်ဒေသ များနှင့် တိုက်ပွဲများဖြစ်ပွားရာဒေ သများ၌ ကွန်ရက်တည်ဆောက် ရန် ကျန်ရှိနေဆဲဖြစ်သည်။

တယ်လီနော၏ ကွန်ရက် သည် တာဝါတိုင်ပေါင်း ၇,၄၀၀ ပေါ်၌ လည်ပတ်လုပ်ကိုင်နေပြီး တာဝါတိုင် ၂၄,၀၀ သည် အခြား သော ဆက်သွယ်ရေးအော်ပရေ တာနှင့် ပူးပေါင်းချိတ်ဆက်ထား ခြင်းဖြစ်သည်။ ‘‘လျှပ်စစ်မီးမရတဲ့နေရာ တွေမှာ ဘက်ထရီတွေကိုအစား ထိုးအသုံးပြုနေတာတွေရှိပေမယ့် ရေရှည်အတွက် စီးပွားရေးတွက် ခြေမကိုက်ပါဘူး။ ကွန်ရက် ဆက်လက်ချဲ့ထွင်ဖို့အတွက် လျှပ်စစ်မီးမရတဲ့နေရာတွေမှာ နေအား၊ လေအားနဲ့ လည်ပတ် နိုင်မယ့် နည်းပညာသစ်တွေကို အစားထိုးအသုံးပြုနေပါတယ်။ ဘယ်လောက်အထိ အသုံးဝင်လဲ ဆိုတာကတော့ စောင့်ကြည့်ရမှာ ပါ’’ဟု Mr.Lars Erik Tellmann ကပြောသည်။

Credit : 7daydaily



Follow us on