1. Home
  2. Special or Others

ကျောင်းသူနှစ်ဦးကို တမင်ကားနဲ့ တိုက်သတ်ခဲ့တဲ့ လုပ်ရပ် ရုပ်/သံ

Special or Others มี.ค. 03, 2560 view 1,582
ဂျော်ဒန်နိုင်ငံ အာမန်မြို့တွင် ကျောင်းသူနှစ်ဦးကို ရည်ရွယ်ချက်ရှိရှိ စောင့်ဆိုင်းကာ ကားနှင့်တိုက်သတ်ခဲ့မှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။ ပလက်ဖောင်းပေါ်မှ လမ်းလျှောက်လာသူ မိန်းကလေးနှစ်ဦးက ကားလမ်းကူးရန် ကားလမ်းမပေါ်သို့ ချေချစဉ် အသင့်စောင့်ဆိုင်းနေသော ဆလွန်းကားတစ်စီးက ဝင်တိုက်ခဲ့ပြီး ပလက်ဖောင်းပေါ်အထိ တက်သွားခဲ့ပြီးမှ ပြန်ကွေ့ကာ မောင်းနှင်သွားခဲ့သည်ကို စီစီတီဗီတွင် ဖမ်းယူနိုင်ခဲ့သည်။
 
စီစီတီဗီပုံရိပ်အရ ကျောင်းသူနှစ်ဦးမှာ အသက်မသေခဲ့သော်လည်း နှစ်ဦးစလုံး အောက်ပိုင်းဒဏ်ရာ ရရှိခဲ့သည်ဟု ယူဆရပြီး အဆိုပါအဖြစ်အပျက်က မတ်လ ၂ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်ခန့်က ဖြစ်ပျက်ခဲ့ခြင်းဖြစ်သည်။
 


Follow us on