1. Home
  2. Special or Others

Samsung ရဲ့ ခေါက်ချိုးနိုင်တဲ့ စမတ်ဖုန်းကို ဒီနှစ်ထဲမှာ မိတ်ဆက်မည်

Special or Others มี.ค. 03, 2560 view 1,538

Samsung ရဲ့ ခေါက်ချိုးနိုင်တဲ့ စမတ်ဖုန်းကို ဒီနှစ်ထဲမှာ မိတ်ဆက်မယ်လို့ မျှော်လင့်ရပါတယ်။ Samsung ရဲ့ အဲဒီ စမတ်ဖုန်းကို မှတ်ပုံတင်ထားတဲ့ သတင်းအချက်အလက်များ အရ Samsung Galaxy X လို့ အမည်ပေးမှာ ဖြစ်ပါတယ်။ ခေါက်ချိုးနိုင်တဲ့ စမတ်ဖုန်းဟာ Samsung ထုတ်လုပ်ရောင်းချခဲ့ဖူးတဲ့ စမတ်ဖုန်း ဒီဇိုင်းများနဲ့ လုံးဝ ကွာခြားမှာ ဖြစ်ပါတယ်။ Samsung Galaxy X ဟာ စာအုပ်တစ်အုပ်လို ခေါက်ချိုး အသုံးပြုနိုင်မယ့် ဒီဇိုင်း ဖြစ်နိုင်ပါတယ်။ သူ့ရဲ့ သတင်းအချက်အလက် အသေးစိတ်ကို လက်ရှိမှာ မသိရသေးပါဘူး။

အဲဒီ စမတ်ဖုန်းမှာ Samsung ကိုယ်တိုင် ထုတ်လုပ်ထားတဲ့ Exynos 9810 Processor ထည့်သွင်းထားမယ်လို့ သတင်းများ ထွက်ပေါ်နေပါတယ်။ အဲဒီ Processor ကို FinFET 10nm Architecture ကို အခြေခံ ထုတ်လုပ်ထားမှာ ဖြစ်ပါတယ်။ Samsung က Galaxy X ကို ယခုနှစ် နှောင်းပိုင်းမှာ မိတ်ဆက်မယ်လို့ သတင်းများထွက်ပေါ်နေပါတယ်။ ၂၀၁၈ ခုနှစ် နှစ်လယ်လောက်မှာ ရောင်းချပေးမှာ ဖြစ်ပါတယ်။ Samsung က စားသုံးသူများရဲ့ တုန့်ပြန်မှုကိုလည်း အာရုံစိုက်မှာ ဖြစ်ပြီး အောင်မြင်ရင်တော့ အနာဂတ်မှာ Samsung ရဲ့ ခေါက်ချိုးနိုင်တဲ့ စမတ်ဖုန်းများစွာကို မြင်တွေ့လာရနိုင်ပါတယ်။ Samsung က ခေါက်ချိုးနိုင်တဲ့ စမတ်ဖုန်းများကို Project Valley စီမံကိန်းကနေ ဖန်တီးနေတာ ဖြစ်ပါတယ်။

Credit : digitaltimes



Follow us on