1. Home
  2. Myanmar News

ရန်ကုန်လေဆိပ် လုံခြုံရေးအဆင့်မြှင့်တင်ရန် ပြည်ပကုမ္ပဏီများကို ငှားရမ်းမည်

Myanmar News มี.ค. 03, 2560 view 1,744

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ လုံခြုံရေးအဆင့်မြှင့်တင်ရန်အတွက် ကျွမ်းကျင်စိတ်ချရသော နိုင်ငံတကာမှ လုံခြုံရေးကုမ္ဗဏီများကို ငှားရမ်းတာဝန်ပေးအပ်ရန် စီစဉ်လျက်ရှိကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနမှ ဒု-ဝန်ကြီး ဦးကျော်မျိုးက ပြောသည်။

“အဆင့်မြင့်တဲ့အပြည်ပြည်ဆိုင်ရာ လေဆိပ်တွေက နိုင်ငံတကာခရီးသည်တွေ ဝင်ထွက်သွား နေတယ်။ ဒီဟာကို လုံခြုံရေး အဆင့် မြင့်တင်ဖို့ အတွက် တကယ်ကို စိတ်ချရအောင် နိုင်ငံတကာရဲ့ ကျွမ်းကျင်မှုကို ရယူတဲ့ သဘောပဲ ဖြစ်ပါတယ်”ဟု

မတ်လ (၁) ရက်နေ့က ကျင်းပသော ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ခေတ္တရပ်နားချိန်တွင် ၎င်းက ပြောကြားခြင်း ဖြစ်သည်။ လက်ရှိတွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအနေဖြင့် လေဆိပ်လုံခြုံရေးကိစ္စရပ်များကို ပုဂ္ဂလိကကုမ္ဗဏီများသို့ လွဲပြောင်းပေးထားရာ ယင်းတို့မှ နိုင်ငံတကာမှ လုံခြုံရေးကုမ္ပဏီများစာရင်းအား တင်ပြလာသည်ကို ဝန်ကြီးဌာနမှ စိစစ်၍ရွေးချယ်မည် ဖြစ်ကြောင်း ဒု-ဝန်ကြီးကပြောသည်။

“ကျွန်တော်တို့ ဝန်ကြီးဌာနအနေနဲ့ကတော့ သူတို့တင်ပြလာတော့မှ ဒီဟာက တကယ် ကျွမ်းကျင်တဲ့ အဖွဲ့အစည်း နိုင်ငံတကာမှာအတွေ့အကြုံရှိတဲ့ အဖွဲ့အစည်း ဟုတ်မဟုတ် စိစစ်ပေးသွားမှာပါ”ဟု ၎င်းက ဆက်လက် ပြောသည်။ ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၂၉ ရက်က ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ဥပဒေအကြံပေးဖြစ်သူ ဦးကိုနီ လုပ်ကြံခံရခြင်းနှင့်ပက်သက်ပြီး လေဆိပ်၌လုံခြုံရေး လျော့ရဲအားနည်းမှုကို အများပြည်သူများက ဝေဖန်လျက်ရှိသည်။

Credit : News Watch



Follow us on