1. Home
  2. Movie Stars - Celebrity

သရဲကားရိုက်ကူးနေရင်း သရဲဝင်ပူးတာ ပထမဆုံးကြုံခဲ့တဲ့ မော်ဒယ် ပိုင်တံခွန်

Movie Stars - Celebrity มี.ค. 03, 2560 view 1,582

မော်ဒယ် ပိုင်တံခွန်ဟာ သရုပ်ဆောင်ပိုင်းကိုလဲ ၀င်ရောက်လာပြီဖြစ်ရာ သူရဲ့ ပထမဆုံး သရဲကားဖြစ်တဲ့ သန်းခေါင်ယံ ခရီးသည်များ ဆိုတဲ့ သရဲကားမှာ သရဲဝင်ပူးတာကို ကြုံခဲ့ ရပါတယ်။ ထိုရုပ်ရှင်ကားကြီးကို ကားတွေ မတော်တဆမှုများဖြစ်တဲ့ မိုင်တိုင်တွေမှာ အမှန်တကယ်သွားရိုက်ခဲ့ပါတယ် ။ ရှုတင်ကိုလဲ ည၇နာရီလောက်ကနေ မနက်၂နာရီလောက်ထိရိုက်ကူးရပြီ မတ်၂ ရက်နေ့ရိုက်ကူးရေးမှာ ဖြစ်ပွားခဲ့ တာလဲ ဖြစ်ပါတယ် ။

နံနက်ခင်းပိုင်းမှာကားပေါ်ကိုသရဲတွေတက်လာပြီ လူတေါကိုဝင်စီးတဲ့အခန်းရိုက်ကူးနေချိန်မှာပဲ ရှုတင်အဖွဲ့သားတွေ တစ်ယောက်ပြီးတစ်ယောက် ၀င်ပူးခံခဲ့ရပါတယ်။ ဆက်ရိုက်ကူးလို့ မရတော့တဲ့ အထိဖြစ်လာတဲ့ အတွက်တရားတော်တွေဖွင့်ပြီ ရှုတင်ဖျက်ပြီပြန်လာခဲ့ ကြရပါတယ်။ သူ့ဘ၀မှာ ပထမဆုံးအကြိမ် သရဲပူးတာမြင်ဖူးခြင်းလဲ ဖြစ်တယ်လို့ သူ့အကောင့်မှာ ရေးသားထားတာကိုတွေ့ရပါတယ်။ သူ့အကောင့်မှာ ဗီဒီယို ဖိုင်လေးကိုလဲ တင်ထားတာကိုတွေ့ရပါတယ် ။

Credit:Timeayeyar



Follow us on