1. Home
  2. Myanmar News

ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း နှလုံးခွဲစိပ်ကုသမှုခံယူရန် အနားယူပြင်ဆင်နေ

Myanmar News มี.ค. 04, 2560 view 1,463
ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းသည် ကျန်မာရေး အခြေအနေကြောင့် နှလုံးခွဲစိတ်ကုသမှု ခံယူရမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များကြား ပြောဆိုနေကြကြောင်း သိရှိရသည်။
 
မတ်လ ၂ ရက်နေ့က ပြုလုပ်သော ရန်ကုန် တိုင်းဒေသကြီး လွှတ်တော်ခန်းမတွင် ဝန်ကြီးချုပ်နှင့် ရန်ကုန်တိုင်းဒေသကြီး NLD တိုင်းလွှတ်တော် ကိုယ်စားလှယ်များနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်ကြောင်း ဆိပ်ကြီးခနောင်တိုမြို့နယ်မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန်းဆွေက ပြောကြားသည်။
 
ဝန်ကြီးချုပ်သည် နှလုံးအဆီဖုံးနေသောကြောင့် ခွဲစိတ်ကုသမှု ခံယူရမည် ဖြစ်ပြီး ယင်းအတွက် လွှတ်တော်သို့ မတ်လ ၄ ရက်နေ့မှစ၍ ခွင့်တင်ထားကြောင်း လှည်းကူးမြို့နယ် တိုင်းလွှတ်တော် ကိုယ်စားလှယ် ဒေါ်မြတ်မာလာထွန်း ထံမှသိရှိရသည်။
 
ဘယ်မှာကုသမလဲဆိုတာတော့ မပြောပြပါဘူး။ ပြည်ပတော့ မဟုတ်လောက်ဘူး။ ပြည်တွင်းမှာပဲ ဖြစ်မှာပါ”ဟု ၎င်းက ခန့်မှန်း ပြောကြားသည်။
 
ရန်ကုန် တိုင်းဒေသကြီး လွှတ်တော်ကို လာမည့် မတ်လ ၂၀ ရက်နေ့မှစ၍ ကျင်းပမည်ဖြစ်ရာ ကျန်းမာရေးကြောင့် မတက်ရောက်နိုင်ပါက နားလည်ပေးရန် ဝန်ကြီးချုပ်က လွှတ်တော်ကိုယ်စားလှယ်များထံ ကြိုတင် ပြောကြားခဲ့ခြင်း ဖြစ်သည်ဟု ဒေါ်မြတ်မာလာထွန်းက ဆိုသည်။
 
အခုချက်ချင်းကြီး ဆေးရုံတက်မှာတော့ မဟုတ်ပါဘူး။ ဆရာဝန်က သူအနား ယူဖို့ လိုတယ်။ ဒါ့ကြောင့် ခုချိန်ကစပြီး နည်းနည်း အနားယူပြီးမှ ခွဲမယ့်သဘောပါ။ ကျွန်မထင်တာတော့ သူနိုင်ငံခြားသွားကုမယ်လို့တော့ ကြားတာပဲ။ ကျွန်မတို့ကတော့ မမေးကြည့်မိဘူး”ဟု ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ပြောကြားသည်။
 
ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းသည် မတ်လ ၃ ရက်နေ့က UMFCCI တွင် ပြုလုပ်သော ရန်ကုန်တိုင်းဒေသကြီး၏ လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲသို့ တက်ရောက် မိန့်ခွန်းပြောရန် ကနဦးတွင် စီစဉ်ထားသော်လည်း ၎င်းအစား ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဒေါ်နီလာကျော် တက်ရောက်ခဲ့သည်။
 
Credit:TheVoice


Follow us on