ယူကေရှိ အသက် ၂၅ နှစ်အရွယ် အမျိုးသားတစ်ဦးက အိမ်နီးချင်း၏ ၁၈ လသားအရွယ် ကလေးငယ်ကို လေသေနတ်ဖြင့် ချိန်ရွယ်ကာ ပစ်ခဲ့ကြောင်း ရဲတပ်ဖွဲ့ထံ ဝန်ခံထွက်ဆိုခဲ့ပါတယ်။
အသက် ၂၅ နှစ်အရွယ် ဂျော်ဒန်ဝေါ်လ်တာ ဆိုသူက အိမ်နီးချင်း ကလေးငယ်၏ ငိုသံကို နားမခံနိုင်သည့်အဆုံး လေသေနတ်ဖြင့် ချိန်ရွယ်ကာ ပစ်ခတ်ခဲ့ကြောင်း ဘရစ်စတိုခရောင်း တရားရုံးမှာ သောကြာနေ့က ဝန်ခံထွက်ဆိုခဲ့ပါတယ်။
ယင်းကဲ့သို့ ပစ်ခတ်ခဲ့မှုကြောင့် ကလေး၏ ဥဏှောက်အတွင်း စိုက်ဝင်လျှက်ရှိပြီး မျက်လုံးနှစ်လုံးစလုံးမှာလည်း ပျက်ဆီးခဲ့ကြောင်း သိရှိရသည်။ အရေးပေါ်ခွဲစိတ်ကုသရာတွင် အသက်လုရမည့် အခြေနေမျိုးရှိနေသကဲ့သို့၊ တစ်သက်လုံး ချို့တဲ့သူတစ်ဦးလည်း ဖြစ်သွားနိုင်ရန် ရှိကြောင်း ဆရာဝန်များက ပြောကြားခဲ့သည်။
ရဲမှတ်တမ်းများအရ ကလေးငယ်ဖြစ်သူ စတန်လေမှာ သူ၏ မိဘများနှင့်အတူ ဘရစ်စတိုရိပ်သာ အပေါ်ထပ်တွင်နေထိုင်ပြီး ဝေါ်တာမှာ သူ၏ ကလေးနှစ်ယောက်နှင့်အတူ ဒုတိယထပ်တွင် နေထိုင်သူဖြစ်သည်။ သူတို့အားလုံးအချင်းချင်း ခြောက်နှစ်ခန့်မျှ ရင်းနှီးခင်မင်ခဲ့ကြပြီး ကလေးများမှာလည်း ကစားဖက်များ ဖြစ်ကြသည်။
တစ်ရက်တွင် ဝေါ်တာက စတန်လေ ငိုနေသဖြင့် ခြောက်လှန့်ရန်ရည်ရွယ်ကာ လေသေနတ်နှင့် ချိန်ရွယ်ကာ ပစ်လိုက်ခြင်း ဖြစ်ပြီး သေနတ်အတွင်း ကျည်ထိုးထားသည်ကိုမူ မသိရှိခဲ့ကြောင်း ထွက်ဆိုခဲ့သည်။
လေသေနတ်ဖြင့် ပစ်ခံရမှုကြောင့် ကလေး၏ မျက်လုံးနှစ်ဖက်လုံး ကွယ်နိုင်သည့်အခြေအနေရှိနေပြီး ဝေါ်တာကို ထောင်ဒဏ် ၂ နှစ်ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။