1. Home
  2. Special or Others

အချစ်ကိုရောင်းခဲ့သူ(သို့)အကြွေးနဲ့သိမ်းပိုက်ခံခဲ့ရသူ

Special or Others มี.ค. 05, 2560 view 1,756
လတ်တလော အွန်လိုင်းမှာ နာမည်ကြီး လူကြည့်များနေတဲ့ ဗီဒီယိုတစ်ခုကတော့ အသက် ၂၀ အရွယ်လောက်လူငယ်လေးနဲ့ အသက် ၇၀ နီးပါးအရွယ် ဘွားဘွားတို့ရဲ့ မင်္ဂလာအိပ်ယာအခမ်းအနားပဲဖြစ်ပါတယ်။
 
ဗီဒီယိုမှာ ပါဝင်တဲ့ ပုံရိပ်များအရ ဘွာဘွားဟာ အလွန်ပျော်ရွှင်နေပုံရပြီး လူငယ်မှာတော့ မျက်နှာမသာမယာနဲ့ လက်မှိုင်ချလို့နေပါတယ်။ အဘွားအိုက လူငယ်ကို လက်ထပ်လက်စွပ် အတင်းဝတ်ပေးသလို သူရဲ့ ရွှေဆွဲကြိုးကုံးကြီးကိုလည်း ချွတ်ပြီး လူငယ်ကို ရက်ရက်ရောရော ဆွဲပေးလိုက်ပါတယ်။ သူမရဲ့ ဘဝမှာ ရွှေကိုမလို၊ ငွေကိုမလို အချစ်ကိုသာလိုသည် ဆိုသကဲ့သို့ လိုချင်တာအားလုံး ပြီးပြည့်စုံသွားသည့် ခံစားမှုအပျော်အပြုံးတွေကို မျက်နှာပေါ်မှာ တွေ့ရပါတယ်။
 
လူငယ်မှာတော့ ဘဝတစ်ခုလုံး ဆုံးရှုံးသွားသည့်အလား မျက်နှာကို ဘယ်နားထားရမယ်မသိ ဖြစ်နေရှာပါတယ်။ နောက်က ဆွေမျိုးတစ်သိုက်ကတော့ ဝမ်းသာအားရ ကောင်းချီးပေးနေတာကို မြင်တွေ့ကြရမှာပါ။ တိတိကျကျ နောက်ခံသတင်းမရခဲ့သော်လည်း လူငယ်ဟာ အကြွေးနဲ့ အသိမ်းခံလိုက်ရတယ်လို့ ထင်မြင်မပါတယ်၊ သူ့ရဲ့ ဆန္ဒသဘောမပါဘူးဆိုတာ သူ့မျက်နှာက အထင်းသားဖော်ပြနေပါတယ်။
ကဲ.. ပရိသတ်များရဲ့ အမြင်လေးတွေကို သိချင်ပါသေးတယ်..။


Follow us on