1. Home
  2. Myanmar News

Dab က ကွက်ဆင်နွှဲခဲ့သည့် သမ္မတဟောင်း ဦးသိန်းစိန်ဂါရ၀ပြုပွဲ

Myanmar News มี.ค. 06, 2560 view 1,543

သမ္မတဟောင်းဦးသိန်း စိန်အား ဂါရ၀ပြုတွေ့ဆုံပွဲသို့ လာ ရောက်ကြသူများက လတ်တ လောရေပန်းစားနေသော Dab Dance ကကွက်ကို ပြသခဲ့ကြသည်။ နေပြည်တော်ရှိ ပြည်ခိုင်ဖြိုး ဌာနချုပ်၌ မတ်လ ၅ရက်က ပြု လုပ်ခဲ့သည့် ဂါရ၀ပြုပွဲတွင် အခမ်း အနားမစတင်မီ တက်ရောက်သူ သုံးထောင်ကျော်က စုပေါင်းလှုပ် ရှားခဲ့ကြခြင်းဖြစ်သည်။

‘‘မြန်မာနိုင်ငံမှာတော့ အကြီး ဆုံး Dabဖြစ်မှာပဲ’’ဟု ပွဲစီစဉ်သူ ရွှေပြည်တော်သို့ ဆုံမှတ်ပရဟိတ အဖွဲ့ အတွင်းရေးမှူးဦးအောင်ပိုင် မင်းကပြောသည်။ အွန်လိုင်းတွင် ခေတ်စားနေသော ယင်းကကွက် ကို ပြသရန်ကြိုတင်စီစဉ်ထားခဲ့ သည်ဟု ၎င်းက ပြောသည်။ ‘‘ကျွန်တော်တို့ရဲ့ စုစည်းညီ ညွတ်မှုကို ပြတာ’’ဟု ဦးသိန်းစိန် လက်ထက်က သမ္မတရုံးအရာရှိ ဖြစ်ခဲ့သူ ဦးအောင်ပိုင်မင်းက ပြော သည်။

ဂါရ၀ပြုပွဲသို့ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဟောင်း ဒေါ်ခင်ဝိုင်းကြည်၊ မတူ ကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ တို့အပါအ၀င်တစ်နိုင်ငံလုံးရှိ ဦး သိန်းစိန်ကို ချစ်ခင်လေးစားသူ ၃,၆၀၀ခန့်တက်ရောက်ခဲ့သည်ဟု ဦးအောင်ပိုင်မင်းက ဆက်လက်ပြောကြားသည်။ သမ္မတဟောင်း ဦးသိန်းစိန် သည် ကန်တော့ခံခြင်း၊ ဓာတ်ပုံ တွဲရိုက်ခြင်းနှင့် သြ၀ါဒပေးခြင်းတို့ ကို ပြုလုပ်ခဲ့သည်။ ယမန်နှစ်က သမ္မတရာထူးမှ ဆင်းတော့မည့် ဦးသိန်းစိန်အား သမ္မတအိမ်တော်တွင် လူငယ်များက လာရောက်ဂါရ၀ပြုခဲ့ကြသေးသည်။

Credit : 7daydaily



Follow us on