1. Home
  2. Myanmar News

နေအိမ်အနီးမီးအကြီးအကျယ်လောင်ခဲ့ပေမယ့် ပွဲဆက်ကပြီး အနုပညာတာဝန်ကျေပွန်ခဲ့သူ တင်မောင်ဆန်းမင်းဝင်း

Myanmar News มี.ค. 06, 2560 view 1,721
မတ်လ ၅ ရက်နေ့ ည ၇ နာရီအချိန်ခန့်တွင် တောင်ဥက္ကလာပမြို့နယ် ၉ ရပ်ကွက်၊ သူရ ၂ လမ်းတွင် မီးအကြီးအကျယ်လောင်ကျွမ်းပြီး Level 3 အဆင့် အုပ်စုမီးသတ်ယာဉ်များပါလာရောက် ညိမ်းသတ်ခဲ့ရပြီး မီးလောင်ကျွမ်းချိန် တစ်နာရီခန့်ကြာကာ နှစ်ထပ်နေအိမ် ၅ လုံး မီးလောင်ကျွမ်း ကူးစက်ခဲ့ခြင်းဖြစ်သည်။
 
 
မီးလောင်ကျွမ်းရာ လမ်းအနီးတွင် နေထိုင်သော ရွှေမန်းသဘင်မင်းသား တင်မောင်ဆန်းမင်းဝင်းသည် မီးလောင်ကျွမ်းချိန်တွင် သင်္ကန်းကျွန်းရန်မျိုးအောင်ဘုရားပွဲတွင် ပွဲကဖျော်ဖြေနေချိန်ဖြစ်ပြီး နေအိမ်အနီး မီးလောင်မှုကြောင့် ပွဲကို ရုတ်သိမ်းခြင်း မပြုပဲ အနုပညာတာဝန်ကို ကျေပွန်စွာထမ်းဆောင်သွားခဲ့ကြောင်း သူ၏ ပရိသတ်များထံမှ သိရှိခဲ့ရသည်။
 
 
မီးလောင်ကျွမ်းမှုကြောင့် တင်မောင်ဆန်းမင်းဝင်း၏ နေအိမ် မီးဘေးလွတ်ခဲ့သော်လည်း မြန်မာနိုင်ငံသဘင်အစည်းအရုံး ပွဲစီစဉ်သူအလွှာမှ ဥက္ကဋ္ဌဖြစ်သူ ဦးဌေးလွင်၏ အိမ်တစ်လုံး လုံး မီးထဲပါသွားသကဲ့သို့ သဘင်လူမှုကုညီရေးဥက္ကဋ္ဌ ဦးဆန်းမင်း၏ နေအိမ်ခေါင်းရင်း တစ်ခြမ်း မီးထဲပါသွားကြောင်း မင်းသားဟန်ဇာမိုးဝင်း၏ လူမှုကွန်ယက်မှတစ်ဆင့် သိရှိခဲ့ရသည်။
 
 
အဆိုပါမီးလောင်ကျွမ်းမှုမှာ တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၉)ရပ်ကွက်၊ သူရ(၂)လမ်း၊ အိမ်အမှတ် (၉၈/ခ)တွင် ပျဉ်ထောင်တစ်ထပ်နေအိမ်တွင် ခြင်ဆေးခွေထွန်းထားရာမှ အနီးရှိဂျာနယ်ပုံပေါ်သို့လဲကျရာမှ စတင်လောင်ကျွမ်းခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်အဖွဲ့မှ သတင်းထုတ်ပြန်ခဲ့သည်။
 
 
မီးလောင်မှုကြောင့် ပျဉ်ထောင်တစ်ထပ်နေအိမ် ၁ လုံး၊ ပျဉ်ထောင်နှစ်ထပ်နေအိမ် ၂လုံး၊ အုပ်ညှပ်၂ထပ်တိုက် ၂လုံးနှင့် အုပ်ညှပ်နှစ်ထပ်တိုက် ၁ခြမ်း၊ RCC ၁ခန်းတွဲ ၆ထပ်တိုက် ပထမထပ်နှင့် ဒုတိယထပ် အတွင်းပစ္စည်းအနည်းငယ်မီးလောင်ခံရ၍ ဆုံးရှုံးမှုတန်ဖိုးငွေကျပ် (၈၇၀၀၀၀၀/-) (ကျပ်ရှစ်ဆယ့်ခုနှစ်သိန်း)ဖိုးခန့် မီးလောင်ဆုံးရှုံးခံရပြီး မီးလောင်မှုကြောင့် အမျိုးသမီးနှစ်ဦး မီးလောင်ဒဏ်ရာရရှိကာ အရန်မီးသတ်တပ်ဖွဲ့မှ တပ်ကြပ်ကြီးတစ်ဦး ဘယ်လက်ကောက်ဝတ် ပြတ်ရှဒဏ်ရာ(မစိုးရိမ်ရ)တို့နှင့် သင်္ဃန်းကျွန်းမြို့နယ် စံပြဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိကြောင်း သတင်းရရှိသည်။
 
Ref:မြန်မာနိုင်ငံမီးသတ်အဖွဲ့ချုပ်၊ ဟန်ဇာမိုးဝင်း(FB)
 


Follow us on