1. Home
  2. Movie Stars - Celebrity

ဒါရိုက်တာဆုမှန်းထားတဲ့ လူမင်း

Movie Stars - Celebrity มี.ค. 06, 2560 view 1,565

အနုပညာလောက မှာသတင်းအဖြစ်ဆုံးဥက္ကဋ္ဌ အဖြစ်နာမည်ကြီးတဲ့ လူမင်းဟာ အရေးကြီးသတင်းတခုမဟုတ်တခုထွက်ပေါ်နေတက်ပါတယ်။ အခုလည်း နိုင်ငံပိုင်သတင်းစာကနေ အခွန်ပေးဆောင်ပြီးအနုပညာရှင်များရဲ့ အမည်စာရင်းကို ထုတ်ပြန်ကြေညာ ရာမှာအစည်းအရုံးဥက္ကဋ္ဌဖြစ်တဲ့ အကယ်ဒမီ လူမင်း အမည်မပါရှိတဲ့အတွက် တခြားနာမည် မပါတဲ့ သူတွေလဲ ပွဲဆူစေခဲ့ ပါတယ်။ ထို ကိစ္စ အပေါ် အကယ်ဒမီ လူမင်းက ဖော်ပြထားတဲ့ ၁၉ ယောက်ကလွဲပြီး ကျန်တဲ့ သူတွေ အခွန်မဆောင်သလို သဘောဖြစ်နေပါတယ် ။

ကျွန်တော်တို့ နှစ်နှစ်တိုင်းဆောင်ထားပါတယ် ။ ဒီနှစ် ရဲ့ ဘဏ္ဍာနှစ်ကလည်းမကုန်သေးပါဘူး တလအချိန်ကျန်ပါသေးတယ် ။ ၂၀၁၆ -၂၀၁၇ ဘဏ္ဍာနှစ်အတွက်ကျန်တယ်ဆိုရင်တော့ မှန်ပါလိမ့်မယ် ။အခွန်ကို မင်းသားပေါက်စ ဘ၀တည်းက နှစ်တိုင်းဆောင်ခဲ့တာပါ ။အခွန်စာရွက်တွေလဲရှိပါတယ်။ ရွေးကောက်ပွဲကိုတော့ အကယ်ဒမီ အပြီး သြဂုတ် - စက်တင်ဘာ မှာလုပ်ဖို့ စီစဉ်ထားပါတယ် ပြောသွားခဲ့ပါတယ် ။

ဒီနှစ်အကယ်ဒမီ မှာလဲ ဒါရိုက်တာဆု အတွက်တစ်ပြေးနေပါတယ်။ ဒီနှစ်ပွဲအတွက်ကတော့ ဂျွန်လွင်ကိုပဲ အပ်ထားတယ်လို့ ပြောသွားပါတယ် ။ ပွဲကို ကမ္ဘာ့တန်ခိုးအကြီးဆုံးဖြစ်တဲ့ ရွှေတိဂုံဘုရားကြီးကိုနောက်ခံထားတဲ့ ပြည်သူ့ရင်ပြင်မှာကျင်းပမှာ ဖြစ်တဲ့ အတွက် အ၀တ်အစားကို မြန်မာ့ယဉ်ကျေးမှုကိုအလေးထားပြီး လုံလုံခြုံခြုံဖြစ်စေချင်ပါတယ်လို့ လဲပြောထားပါတယ် ။ ခေတ်ကာလအရ ခေတ်မီဆန်းသစ်တာတွေတော့ရှိမှာကို ဒါဆိုတော့နားလည်ပေးရမှာပေါ့လို့ ပြောသွားခဲ့ ပါတယ် ။

Credit:Oasis



Follow us on