1. Home
  2. Special or Others

အချစ်နဲ့ပက်သက်လာရင် လိုချင်တာကို မရရအောင်ယူတတ်သူ ဖွားဖွား

Special or Others มี.ค. 06, 2560 view 1,753
အသက် ၂၀ ကျော်လူငယ်လေးနဲ့ အသက် ၇၀ ကျော် ဖွားဖွားတို့ရဲ့ မင်္ဂလာပွဲမှာ မျက်နှာမသာမယာနဲ့ ကိုယ့်ဘဝကိုယ် ယူကျူံးမရဖြစ်နေတဲ့ လူငယ်လေးကို ရွှေဆွဲကြိုးကုံးကြီး ဆွဲပေးခဲ့တဲ့ ဗီဒီယိုကို တင်ထားပေးခဲ့ရာ လူကြည့်များတဲ့ ဗီဒီယိုတစ်ခု ဖြစ်လို့နေပါတယ်။
 
မကြည့်ရသေးသူများ ဤနေရာတွင် ကြည့်ရှု့ပါ..။
 
အဆိုပါဗီဒီယိုနဲ့ နောက်ဆက်တွဲ ဗီဒီယိုတစ်ခု ထပ်မံထွက်ပေါ်လာခဲ့ပြီး ဒီဗီဒီယိုမှာတော့ မင်္ဂလာပွဲအောင်မြင်တဲ့ အထိန်းအမှတ်နဲ့ သတို့သားနဲ့ သတို့သမီး ရှန်ပိန် အတူသောက်ကြရမယ့် အချိန်မှာ သတို့သားဟာ လုံးဝသုန်မှုန်နေပြီး သတို့သမီး ဖွားဖွားဆွဲထုတာတောင် မထပဲပေပြီး ရုန်းကန်ရင်း ထိုင်နေပါတယ်။ 
 
ဒါပေမယ့် ဖွားဖွားဟာ လိုချင်တာကို ဖြစ်အောင် လုပ်တတ်သူပီပီ လက်ဖျစ်တစ်ချက်တီးလိုက်တဲ့ အချိန်မှာတော့ သတို့သားဟာ ငေါက်ကနဲ မတ်တပ်ထပြီး ဖွားဖွားနဲ့ လက်ချင်းယှက်ကာ ရှန်ပိန်ခွက်ကို မော့ချလိုက်ပါတယ်..။
ဖွားဖွားဘာလုပ်လိုက်တယ်ဆိုတာကိုတော့ ဗီဒီယိုမှာ ဆက်လက်ရှုစားကြည့်ကြပါဦး…
 


Follow us on