1. Home
  2. Special or Others

အရက်သောက်သုံးသူများအတွက် အထူးကပ်ခွာတက်တူး မကြာမီရရှိနိုင်တော့မည်

Special or Others มี.ค. 07, 2560 view 1,626
အိမ်သုံး ပရင်တာများနှင့်ပင် အလွယ်တကူ ထုတ်နိုင်သည့် အီလက်ထရွန်နစ် ကပ်ခွာ တက်တူးများသည် လူတစ်ဦး၏ ကျန်းမာရေးကို စောင့်ရှောက်နိုင်သည့်အပြင် အရက် သောက်သုံးနေသူများကို သတ်မှတ်ထားသည့် ပမာဏထက် ကျော်လွန်ပါက အချက်ပြ သတိပေးမှုများ ပြုလုပ်ရန် တီထွင်နိုင်ခဲ့ကြောင်း Science သတင်းတွင် ဖော်ပြထားသည်။
 
Elastic Nanosheets ဟုခေါ်သည့် အထူးပြုလုပ်ထားသော ကပ်ခွာ အကြည်ပြားများကို ဆေးဝါး လိုအပ်ချက် သတိပေးရန်သာမက၊ လူတစ်ဦးအတွက် ကျန်းမာရေးဆိုင်ရာ အသိပေးချက်များကို ဆော့ဖ်ဝဲနှင့်ချိတ်ဆက်ပြီး အသုံးပြုနိုင်စေရန် တီထွင်နိုင်ခဲ့ကြောင်း ယင်းသတင်းက ဆိုသည်။
 
နာနိုပြားပေါ်တွင် အထူးစီမံပြုလုပ်ထားသည့် ပရင်တာမင်များဖြင့် ပုံများကို ရိုက်ထုတ်လုပ်ပြီး လူတို့၏ လက်များပေါ်တွင် အလှတက်တူးများသဖွယ် ကပ်ထားရုံဖြင့် ကျန်းမာရေး သတိပေးမှုများကို ရယူနိုင်မည်ဖြစ်သည်။
အလွန် ပါးလွှာသည့် နာနိုဖလင်ပြားများကို ဂျပန်နိုင်ငံ၊ ဝါဆဲဒါ တက္ကသိုလ်မှ သုတေသီများက တီထွင်ထားခြင်းဖြစ်ပြီး၊ ပိုလီမာ ကပ်ခွာဖလင်ပြားများထက် ကျုံ့ဆန့်နိုင်သည့် နာနိုကပ်ခွာ ဖလင်ပြားများက လူ၏ အရေပြားပေါ်တွင် ပုံနှိပ်ပြီး ကပ်ထားရသည်မှာ ပိုပြီး အဆင်ပြေမှုကို ရရှိနိုင်မည်ဖြစ်သည်။
 
အရေပြားပေါ်တွင် ကပ်ထားရမည့် ဖလင်ပြားသည် ၇၀ နာနိုမီတာခန့်သာ ထူပြီး၊ လူ၏ ဆံပင်ထက်ပင် အဆ ၁၂၀ ခန့် ပိုပါးစေရန် တီထွင် ဖန်တီးနိုင်ခဲ့ကြသည်။ အီလက်ထရွန်နစ် ချစ်ပ်များနှင့် LED ဆက်သွယ်လိုင်း စနစ်များပါသည့် အထူး ဖလင်ပြားများပေါ်တွင် မိမိတို့ စိတ်ကြိုက် ဒီဇိုင်း ဖန်တီးထားသည့် အရုပ်ပြားများကို ပရင်တာနှင့် ထုတ်ပြီး နောက် ဖလင်ပြားနှစ်ချပ်ကို ထပ်ပြီး အရေပြားပေါ်တွင် ကော်မလိုဘဲ ကပ်ကာ အသုံးပြုရန်လိုကြောင်း ဝါဆဲဒါ တက္ကသိုလ်မှ ပညာရှင်များက ပြောကြားသည်။
 
အသင့်လုပ်ပြီး အီလက်ထရွန်နစ် တက်တူးပြားများကို တက္ကဆက်မှ ကုမ္ပဏီတစ်ခုဖြစ်သည့် Chaotic Moon က တီထွင် ထုတ်လုပ်ထားပြီး၊ အခြား ဆင်ဆာစနစ်ပါသော ကပ်ခွာပြားနှင့် ပေါင်းစပ်ကာ အရေပြားပေါ်တွင် အလွယ်တကူ ကပ်သုံးနိုင်မည်ဖြစ်သည်။
 
ကပ်ခွာတွင် ပါဝင်သည့် ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ အချက်အလက်များက Bluetooth ကတစ်ဆင့် စမတ်ဖုန်းများသို့ ချိတ်ဆက်ပြီး လူတစ်ယောက်၏ ကျန်းမာရေးဆိုင်ရာ ဒေတာများကို ပို့ပေးနေကာ အရက် အရှိန်လွန်နေပါကလည်း ဆော့ဖ်ဝဲကတစ်ဆင့် အချက်ပေးသံ ပေါ်ထွက်လာစေရန် စီစဉ်ထားနိုင်ကြောင်း Science ဂျာနယ်တွင် ရေးသားထားသည်။
 
Credit:TheVoice


Follow us on