1. Home
  2. Special or Others

ပထမဆုံး ရုပ်ရှင်ရုံထဲ ဝင်ခွင့်ရသွားတဲ့ ခွေးလေး

Special or Others มี.ค. 07, 2560 view 1,565

တိရစ္ဆာန်အများစုကို ယာဉ်ပေါ်စီးနှင်းလိုက်ပါခွင့်၊ စားသောက်ဆိုင်နှင့် အခြားနေရာများတွင် ခေါ်ဆောင်ခွင့် ပိတ်ပင်ထားရာ ရုပ်ရှင်ရုံထဲသို့ ခေါ်ဆောင်လာခွင့်ကိုလည်း ပိတ်ပင်ထားပါတယ်။ သို့သော် ပထမဆုံး ရုပ်ရှင်ရုံထဲ ဝင်ခွင့် ရုပ်ရှင်ကြည့်ခွင့်ရသွားတာကတော့ ခွေးလေး Berry ပဲဖြစ်ပါတယ်။

တရုတ်နိုင်ငံ အရှေ့ဖက်ပိုင်းရှိ Hangzhou ဒေသရှိ ရုပ်ရှင်ရုံ တစ်ရုံတွင် ကြည့်ရှုခွင့်ရတာဖြစ်ပါတယ်။ အသက်(၁၀) နှစ်အရွယ်ရှိ Berry ဟာ ရုပ်ရှင်ကြည့်ရတာ အရမ်းကြိုက်တဲ့ခွေးလေး တစ်ကောင်ဖြစ်ပြီး မျက်စိနာနေလျှင်တောင် အိမ်တွင် သခင်ဖြစ်သူနှင့် အတူ အမြဲရုပ်ရှင်ကြည့်ပါတယ်။ အရွယ်အစားသေးသည့်တီဗွီ ကြည့်ခြင်းကြောင့် ခွေးလေးတွေဟာ မျက်စိနာရာမှ အမြင်အာရုံပျောက်ကွယ်နိုင်ပါတယ်။

ဒါကြောင့် ရုပ်ရှင်ကြိုက်တဲ့ Berry ဟာ ဦးစားပေး ဝင်ခွင့်ရတာဖြစ်ပါတယ်။ ရုပ်ရှင်ကြည့်နေစဉ်မှာလည်း Berry ဟာ ဘယ်သူ့ကိုမှ အနှောင့်အယှက် မဖြစ်စေခဲ့သည့်အပြင် Berry ကို လူတိုင်းက ဝိုင်းချစ်ကြတယ်လို့သိရပါတယ်။

Credit>>သက်မြတ်နိုးဝေ(ပစ်တိုင်းထောင်)



Follow us on