1. Home
  2. Myanmar News

အမြန်ဆုံးဈေးပြန်ရောင်းရရေးအတွက် မင်္ဂလာဈေးသူ ဈေးသားများ ဆန္ဒပြ

Myanmar News มี.ค. 07, 2560 view 1,490
မတ်လ ၇ ရက်(ယနေ့) နံနက်ပိုင်းက မင်္ဂလာဈေးသူ ဈေးသားများက ရန်ကုန်မြို့ရှိ မင်္ဂလာဈေးကြီးကို အမြန်ဆုံးပြန်လည် တည်ဆောက်ပေးရန်နှင့် အမြန်ဆုံးဈေးပြန်လည်ရောင်းချရေးအတွက် ဆန္ဒဖော်ထုတ်ခဲ့ကြောင်း သတင်းရရှိသည်။
 
 
 
 
ဈေးသူ ဈေးသားများက ဆန္ဒဖော်ထုတ်ကြရာတွင် မင်္ဂလာဈေး အမြန်တည်ဆောက်ပေးရေး၊ ဈေးသစ်ဆောက်လုပ်ရာတွင် အထပ်မြင့် မဆောက်ရေး၊ ဈေးကြီးပေါ်တွင် ဈေးအမြန်ပြန်လည်ရောင်းချနိုင်ရေး၊ ဈေးကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ အမြန်ဆုံးတွေ့ဆုံခွင့်ရရေး စသည့်အချက်များကိုတောင်းဆိုခဲ့ကြကြောင်း သိရှိရသည်။
 
 
အဆိုပါဆန္ဒထုတ်ဖော်ပွဲကို ခွင့်ပြုချက်ရယူ၍ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး လူအင်အား ၄၀၀ ခန့်ပါဝင်ကြောင်း သတင်းရရှိသည်။
 
Ref:NewsWatch
 


Follow us on