၁၈ ရက်နေ့မှာကျင်းပပြုလုပ်တော့မယ့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာ အနုပညာရှင်တိုင်းလိုလို သူ့ထက်ငါအပြိုင်အဆိုင် ဒီဇိုင်းတွေ ဆန်းပြီးဝတ်လာကြမှာလဲ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီဇိုင်းဆန်းတွေ အမြဲလုပ်တက်တဲ့ မြန်မာပြည်သိန်းတန် ကလဲ အလေးချိန် ၈ကျပ်သား ရွှေနဂါးကြီးနဲ့ ပွဲတက်မယ်လို့ သိရပါတယ်။
မြန်မာပြည်သိန်းတန်ရဲ့ ပွဲတက်ဝတ်စုံဟာ အလေးချိန်၈ကျပ်သား ရှိတဲ့ နဂါးပုံရင်ထိုးကြီးကိုအကျီင်္မှာ ဒီဇိုင်းဖော်ပြီး ၀တ်ဆင်သွားမှာလဲ ဖြစ်ပါတယ် ။ ၀တ်စုံမှာ တပ်ဆင်မယ့် ရွှေနဂါးကြီးကို ၀ိန့်စိန်ရတနာရွှေဆိုင် က ကူညီပံပိုးထားပြီး ဒီဇိုင်းကတော့ Aroma က ကိုမြတ်သူ က ဖန်တီးပေးထားတာလို့လဲ သိရပါတယ်။
2016အတွက်ေ၇ွးချယ်မယ့် အကယ်ဒမီ ပွဲမှာ ထူးခြားတဲ့ ရွှေဝတ်စုံ တွေကို အနုပညာရှင် 12ဦး အတွက် Aroma မှ ကိုအောင်မြတ်သူက ဖန်တီးပေးထားတယ်လို့လဲ သိရပါတယ် ။ မြန်မာ ပြည်သိန်းတန် ရဲ့ အကယ်ဒမီ ပွဲတက်ဝတ်စုံတွေကို Aroma မှ သုံးနှစ်ဆက်တိုက် ကူညီပံ့ပိုး ပေးခဲ့တာဖြစ်ကြောင်းလည်း သိရပါတယ်။
Credit:Sunday Journal