1. Home
  2. Myanmar News

ဘုရားစေတီများရှိ သန့်စင်ခန်းကန်ထရိုက်စနစ် ဖျက်သိမ်းပြီး ပြည်သူ့အတွက် ဝန်ဆောင်မှုအပြည့်ပေးသင့်ကြောင်း ပြောသော်လည်း အကောင်ထည်မဖော်နိုင်သေး

Myanmar News มี.ค. 07, 2560 view 1,732
ရွှေတိဂုံစေတီတော်တွင် ကန်ထရိုက်စနစ်ဖြင့် လုပ်ကိုင်ခွင့်ပြုခဲ့သော ဖိနပ်အပ်ဌါနတွင် သတ်မှတ်ထားသည့် နှုန်းထားထက် ပိုမိုကောက်ခံခဲ့သည့်အတွက် တိုင်ကြားခံခဲ့ရပြီးနောက် သာသနာရေးဦးစီးဌါနမှ ညွှန်ကြားချက်ထုတ်ပြန်ကာ ဘုရားစေတီများတွင် ဖိနပ်အပ်နှံခြင်း ကန်ထရိုက်စနစ်ကို အပြီးတိုင် ဖျက်သိမ်းခဲ့သည်။
 
မတ်လ ၆ ရက်နေ့မှ စတင်၍ ဖိနပ်အပ်နှံခြင်း ကန်ထရိုက်စနစ် ဖျက်သိမ်းခြင်းနှင့်အတူ သန့်စင်ခန်း အသုံးပြုခ ကောက်ခံမှု ကန်ထရိုက်စနစ်တို့ကိုလည်း ဖျက်သိမ်း၍ အလှူခံပုံးများထားရှိကာ ဂေါပကအဖွဲ့ဝန်ထမ်းများအား တာဝန်ပေးကာ ဆောင်ရွက်ခဲ့သည်။
 
 
ထို့အတူ မြန်မာနိုင်ငံရှိ တန်ခိုးကြီးဘုရားအားလုံးတွင် တန်ခိုးကြီးဘုရားများတွင်  ဖိနပ်အပ်ခ၊ သန့်စင်ခန်းအသုံးပြုခ စသည်တို့ကို ပြည်သူက သဒ္ဒါရှိသလောက်လှူဒါန်းခြင်းကလွဲရင် ပြည်သူများအတွက် ဝန်ဆောင်မှုအပြည့် ပေးသင့်ကြောင်း သာသနာရေးဦးစီးဌါန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးဇာနည်ဝင်းက ပြောကြားခဲ့သော်လည်း မတ်လ ၇ ရက်(ယနေ့)ထုတ် နိုင်ငံပိုင်သတင်းစာတွင် အင်းစိန်မြို့နယ်တွင်းရှိ လောကချမ်းသာ အဘယ လာဘမုနိ ရုပ်ပွားတော်မြတ်ကြီး(ကျောက်တော်ကြီးဘုရား) ဂေါပကအဖွဲ့မှ ဘုရားရှိ သန့်စင်ခန်းလုပ်ငန်းများ ကန်ထရိုက်စနစ်လုပ်ကိုင်ခွင့် တင်ဒါခေါ်ယူမှုကြော်ငြာကို တွေ့ရှိခဲ့ရသည်။
 


Follow us on