1. Home
  2. Special or Others

မိန်းမခြင်းကြိုက်နေသူသမီးအား ယောက်ျားတွေက ပိုကောင်းကြောင်း အဓ္ဓမကျင့်ကာ သက်သေပြသူဖခင်

Special or Others มี.ค. 07, 2560 view 2,413
သမီးတစ်ဦးက မိန်းမခြင်း ချစ်ကြိုက်နေသူတစ်ဦး ဖြစ်ကြောင်း သိရှိပြီးတဲ့နောက် သမီးအရင်း နှစ်ဦးစလုံးကို လိင်ပိုင်းဆိုင်ရာ စော်ကားပြီး အဓ္ဓမပြုကျင့်ခဲ့မှုနဲ့ အသက် ၅၄ နှစ်အရွယ် ဖခင်ဖြစ်သူကို ယူကေရဲအဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။
 
၁၆ နှစ်အရွယ် သမီးတစ်ဦးက မိန်းမခြင်း လိင်တူချစ်ကြိုက်နေသူတစ်ဦးဖြစ်လို့ ဖခင်ဖြစ်သူက ယောက်ျားတွေနဲ့ လိင်ဆက်ဆံတာက ပိုကောင်းကြောင်းကို ပြတဲ့အနေနဲ့ အဓ္ဓမပြုကျင့်ခဲ့တယ်လို့ တရားရုံးမှာ ထွက်ဆိုခဲ့ပါတယ်။ 
အမည်ဖော်ပြထားခြင်းမရှိတဲ့ ဖခင်ဖြစ်သူကို တရားရုံး ၉ ခုမှာ စစ်ဆေးကြားနာပြီးတဲ့နောက် တရားရုံးအားလုံးက စော်ကားမှုနဲ့ ပြစ်ဒဏ်အသီးသီး ချမှတ်ခဲ့ပါတယ်၊ တရားရုံးတစ်ခုက ကလေးအား မတော်တရော်လုပ်မှု၊ အခြားတရားရုံး ၃ ခုက မုဒိန်းမှုနဲ့ ဆုံးဖြတ်ပေးခဲ့ပြီးနောက် ထောင်ဒဏ် ၂၁ နှစ်ကျခံရန် ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။
 
လိင်တူချင်းချစ်ကြိုက်သူ ၁၆ နှစ်အရွယ် သမီးကို အကြိမ်ကြိမ် အဓ္ဓမပြုကျင့်တဲ့အတွက် သမီးဖြစ်သူ အိမ်ကနေ ထွက်သွားပြီးတဲ့နောက်မှာ ကျန်ခဲ့တဲ့ အခြားသမီးတစ်ဦးကို လိင်တူခြင်ချစ်ကြိုက်တတ်သူ ဟုတ်မဟုတ် သေချာအောင် ထပ်မံ၍ အဓ္ဓမပြုကျင့်ခဲ့ကြောင်း သိရှိရသည်။
 


Follow us on