Myanmar Now မှ သတင်းထောက်ချုပ် ကိုဆွေဝင်းအား မ.ဘ.သ၊ ဦးဝီရသူတို့နှင့် ပက်သက်သော ရေးသားချက်အချို့အပေါ်တွင် မကျေနပ်သဖြင့် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)အရေးယူပေးပါရန် မတ်လ ၈ ရက်နေ့က တိုင်ကြားခဲ့ကြောင်း သတင်းရရှိသည်။
ကိုဆွေဝင်း၏ လူမှုကွန်ယက် ဖေ့စ်ဘွခ်စာမျက်နှာ “Ba Kaung” အကောင့်တွင် ဖေဖော်ဝါရီ ၂၇ ရက်နေ့က ရေးသားခဲ့သော “ရွေးကောက်ပွဲပြီးကတည်းကတည်ငြိမ်ခဲ့တဲ့ မဘသပြန်လာပြီ” နှင့် ဖေဖော်ဝါရီ ၂၈ ရက်နေ့က ရေးသားခဲ့သော “ဝီရသူပါရာဇိကကျပြီ၊ ရဟန်းဘဝ နိတ္ထိတံပြီ” ဟူသော ဆောင်းပါးနှစ်ပုဒ်အတွက် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) နှင့် ဦးကျော်မျိုးဆွေ ဆိုသူက မန္တလေးအမှတ်(၇) ရဲစခန်းတွင် မတ်လ ၈ ရက်နေ့က မွန်းလဲ ၁၂ နာရီ ၃၅ မိနစ်တွင် လာရောက်အမှု ဖွင့်လှစ်ကြောင်း သိရှိရသည်။
Source:BaKaung(FB)