1. Home
  2. Myanmar News

ခိုးရာလိုက်ပြေးရာမှ ထားခဲ့ခံရသဖြင့် မိမိကိုယ်ကိုအဆုံးစီရင်ခဲ့သည့် ၉ တန်းကျောင်းသူ

Myanmar News มี.ค. 08, 2560 view 1,513
ပဲခူးတိုင်းဒေသကြီး ပြည်မြို့တွင် ချစ်သူကို ယုံကြည်ပြီး ခိုးရာလိုက်ခဲ့ရာမှ တည်းခိုခန်းတွင် နှစ်ရက်ခန့် ပေါင်းသင်းနေထိုင်ပြီး တိမ်းရှောင်ထားခဲ့ခံရသဖြင့် ကျန်ရစ်ခဲ့သူ နဝမတန်းကျောင်းသူမှာ မိမိကိုယ်ကို အဆုံးစီရင်ခဲ့ကြောင်း သိရှိရသည်။
 
ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့နယ်တွင် နေထိုင်သော အသက်(၃၀)အရွယ်အမျိုးသား သည် အသက်(၁၅) နှစ်အရွယ် ကျောင်းသူကို ခိုးယူခဲ့ပြီးနောက် ပြည်မြို့ အဝေးပြေးကား ဂိတ်အနီးရှိ တည်းခိုခန်းတစ်ခုတွင် မတ်လ ၅ ရက်က လာရောက်တည်းခိုခဲ့ပြီး နှစ်ရက်ကြာ ပေါင်းသင်းနေထိုင်ပြီးနောက်ရက်တွင် ဘဏ်မှာ ပိုက်ဆံသွားထုတ်မည်ဟု ဆိုကာ ကောင်မလေးကို တည်းခိုခန်းတွင် တစ်ယောက်ထည်း အပ်ထားခဲ့ပြီးနောက် သူ၏ မှတ်ပုံတင်ကို ပြန်လည်ထုတ်ယူကာ ထွက်သွားခဲ့ခြင်းဖြစ်သည်။
 
ညရောက်သည်အထိ ပြန်ရောက်လာခြင်းမရှိသဖြင့် ထားခဲ့ခံရသူ မိန်းကလေးမှာ ကိုကာကိုလာဗူးအတွင်းသို့ ဓါတ်ဆီထည့်ကာ သောက်ခြင်း၊ ဗူးခွံအားဖြတ်ကာ လက်ကောက်ဝတ်ကိုလှီးဖြတ်ခြင်း စသည်ဖြင့် မိမိကိုယ်ကို အဆုံးစီရင်ခဲ့ပြီး တာဝန်ရှိသူများနှင့် လူမှုရေးအဖွဲ့အစည်းများက ကြိုးစားကယ်ဆယ်ခဲ့သော်လည်း ပြည်မြို့ဆေးရုံကြီးတွင် မတ်လ ၆ ရက်နေ့ ည ၁၂ နာရီအချိန်ခန့်တွင် ကွယ်လွန်ခဲ့ကြောင်း သိရှိရသည်။
 
အသက်မပြည့်သေးသော မိန်းကလေးကို ခိုးယူပေါင်းသင်း သော အမျိုးသားသည် ထွက် ပြေးတိမ်းရှောင်နေသဖြင့် ဖမ်းဆီးရမိရန် ဆောင်ရွက်နေပြီး ထန်းတပင်မြို့နယ် တော်လတဲ့နယ်မြေ ရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၃၆၃/၃၇၆ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရှိရသည်။ ကွယ်လွန်ခဲ့သော မိန်းကလေးမှာ အသက် ၁၅ နှစ်အရွယ်သာရှိသေးသော နဝမတန်းကျောင်းသူ တစ်ဦးဖြစ်သည်။
 
Ref:7Day
 


Follow us on