1. Home
  2. Myanmar News

ဖရီးပါမစ်ဖြင့် ကားတင်သွင်းရန် လျှောက်ထားမှု ယခုနှစ်အတွင်း သိသာစွာ လျော့ကျ

Myanmar News มี.ค. 08, 2560 view 1,470

ဖရီးပါမစ်ဖြင့် ကားသွင်း ရန် ၂၀၁၇ အတွင်းလျှောက်ထား သူ အရေအတွက် သိသာစွာကျ ဆင်းလာကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီး ဌာနမှ သတင်းရရှိသည်။ ၂၀၁၇ တွင်စတင်ကျင့်သုံး သည့် မူဝါဒသစ်အရ ဖရီးပါမစ်များသည် မော်ဒယ်နိမ့်တင်သွင်းခွင့် မရှိတော့ဘဲ အနိမ့်ဆုံး ၂၀၁၅ နှင့် အထက်မော်ဒယ်များသာ တင်သွင်းရမည်ဆိုသည့် သတ်မှတ်ချက်ကြောင့် လျှောက်ထားသူ လျော့နည်းလာခြင်းဖြစ်သည်။ မူဝါဒသစ်စတင်သည့်၂၀၁၇ ဇန်န၀ါရီကစတင်ပြီး ယခုမတ်လ ပထမပတ်အထိ နှစ်လကျော်အတွင်း ဖရီးပါမစ်အတွက် လာရောက်လျှောက်ထားသော လျှောက် လွှာ ၁၀ စောင်သာ ရှိ သေးသောကြောင့် စံချိန်တင်ကျဆင်းလာခြင်းဖြစ်သည်။

ယခင်ကကဲ့သို့ ဖရီးပါမစ်ကို လျှောက်ထားရာတွင် မမှန်မကန် လျှောက်ထားသည့် အရေအ တွက် မရှိသလောက်လျော့နည်းသွားပြီး ကားဟောင်း တင်သွင်းသူပမာဏလည်း များစွာလျော့ကျသွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးကပြောသည်။ ယခုနှစ်တွင် ဖရီးပါမစ်ထက် ယာဉ်အိုယာဉ်ဟောင်း လဲလှယ် ရန် လျှောက်ထားသည့် ပါမစ် ၁၀၀ ကျော်ပြီဖြစ်သည်။ ထို့ကြောင့် ယခုနှစ်တွင် ဖရီး ပါမစ်ထက် အခြားယာဉ်တင်သွင်း ခွင့်ပါမစ်များက အများဆုံးဖြစ် လာနိုင်ကြောင်း စီးပွားကူးသန်း က ခန့်မှန်းထားသည်။ မူအသစ်အရ ဇန်န၀ါရီ ၁ ရက်ကစ၍ တင်သွင်းမည့် ယာဉ် များအနက် အိမ်စီးယာဉ်၊ ခရီး သည်တင်ယာဉ်နှင့် ကုန်တင် ယာဉ်များကို ၂၀၁၅ မှ ၂၀၁၇ မော်ဒယ်အတွင်း တင်သွင်းပါက ဘယ်မောင်း တစ်မျိုးတည်းသာ ခွင့်ပြုသည်။

Credit : 7daydaily



Follow us on