1. Home
  2. Special or Others

နယူးယောက်မြို့ပေါ်မှာ မြေအောက်ကျင်းတူးပြီး အပျံစားနေထိုင်တဲ့ အိမ်ယာမဲ့လူ ရုပ်/သံ

Special or Others มี.ค. 08, 2560 view 1,788
အမေရိကန်နိုင်ငံ နယူးယောက်မြို့ဟာ နေထိုင်စားသောက်စရိတ် အလွန်ကြီးတဲ့ မြို့အဖြစ် ကမ္ဘာတစ်ဝှမ်းက မှတ်ချက်ချထားပါတယ်။ ဒါကြောင့်မို့ နယူးယောက်မြို့ရဲ့ လမ်းတွေပေါ်မှာ အိမ်ခြေယာခြေမဲ့နေတဲ့ လူတွေကို နေရာအနှံ့တွေ့ရပါတယ်။
 
အချို့က ပန်းခြံခုံတန်းလျားလေးပေါ်မှာ အိပ်စက်ရင်း အချို့ကတော့ ပလက်ဖောင်းပေါ် ၊ မြောင်းတံတားကြီးတွေအောက်မှာ နေရာယူထားကြတာကိုတွေ့မြင်နိုင်ပါတယ်။ ဒီလို အိမ်ယာမဲ့တွေကြားထဲမှာ ထူးထူးဆန်းဆန်း မီးရထားလမ်းဘေးမှ မြေအောက်ကျင်းတူးပြီး နေထိုင်တဲ့ လူတစ်ဦး ရှိပါတယ်။
 
 
သူ့ရဲ့မြေအောက် အိမ်လေးကျ ကျဉ်းမြောင်းပေမယ့် မယုံနိုင်စရာကောင်းလောက်အောင် လျှပ်စစ်မီး၊ ရေခဲသေတ္တာ၊ မီးဖို အပြည့်အစုံရှိနေတာကို တွေ့ရပါလိမ့်မယ်။ ကိုယ်တိုင်သာ ကြည့်ဖြစ်အောင် ကြည့်လိုက်ပါဦး။
 
 
အဆိုပါဗီဒီယိုကို ကြည့်ရှုသူ နှစ်သန်းနီးပါးရှိခဲ့ပြီး တုံ့ပြန်ဝေဖန်ပြောဆိုမှုတွေလည်း များစွာရှိခဲ့ပါတယ်။
ဝေဖန်သူတစ်ဦးက “ရေခဲသေတ္တာကြီး သူဘယ်လို အထဲသွင်းပါလိမ့်” ၊ အခြားတစ်ဦးကမူ “အဖုံးပေါ်ကနေ လေးတဲ့အရာဝတ္ထုတစ်ခုခုသာ လာတင်ထားလိုက်လို့ကတော့ အဲ့ကောင်သေပြီ” ၊ တစ်ယောက်က “အံ့သြမိတာက ရေကြီးရင် သူဘယ်လိုလုပ်မလဲမသိဘူးနော်..?” စသည်ဖြင့် ဝေဖန်လူကြည့်များသော ဗီဒီယိုတစ်ခု ဖြစ်နေသည်။
 


Follow us on