1. Home
  2. Special or Others

ဟားဗတ်က ထွက်လာပြီး ၁၂ နှစ်ကြာမှ ဘွဲ့ရတဲ့ Mark Zuckerberg

Special or Others มี.ค. 08, 2560 view 1,406

Mark Zuckerberg ဟာ နာမည်ကျော် ဟားဗတ် တက္ကသိုလ်ကနေ ကျောင်းမပြီးခင် ၂၀၀၅ ခုနှစ်မှာ ထွက်လာတာ ဖြစ်ပါတယ်။ သူဟာ ကျောင်းက ထွက်လာပြီး လက်ရှိမှာ ဒေါ်လာ ၄၀၀ ဘီလီယမ် တန်ကြေးရှိနေပြီ ဖြစ်တဲ့ Facebook ကို တည်ထောင်ခဲ့ပါတယ်။ သူဟာ Facebook ရဲ့ ပူးတွဲတည်ထောင်သူနဲ့ စီအီးအိုလည်း ဖြစ်ပါတယ်။ အခုတော့ သူကျောင်းကထွက်လာအပြီး ၁၂ နှစ်အကြာ ၂၀၁၇ ခုနှစ်မှာ ဟားဗတ်က ချီးမြှင့်တဲ့ ဘွဲ့ကို လက်ခံရရှိတော့မှာ ဖြစ်ပါတယ်။ အဲဒီသတင်းကို ဟားဗတ် တက္ကသိုလ်ရဲ့ ၀က်ဆိုက်မှာ ကြေညာထားပါတယ်။

“ Mark Zuckerberg ရဲ့ ခေါင်းဆောင်မှုဟာ ကမ္ဘာအ၀န်းမှ လူများ ဆက်သွယ်တဲ့ နည်းလမ်းကို အလွန် တိုးတက်ကောင်းမွန်စေခဲ့ပါတယ်။ဒီနေ့ခေတ် ဆက်သွယ်ရေး ကဏ္ဍမှာ Facebook ကို ယှဉ်နိုင်တဲ့ တီထွင်မှုများဟာ အနည်းငယ်သာ ရှိပါတယ်။ သူ့ကို ဂုဏ်ပြုတဲ့ အနေနဲ့ အခုလို ဘွဲ့ပေးအပ်ချီးမြှင့်တာ ဖြစ်ပါတယ်။ “

လို့ ဟားဗတ်ရဲ့ ဥက္ကဌ ဖြစ်သူ Drew Faust က ရေးသားထားပါတယ်။ နည်းပညာ နယ်ပယ်မှာ ကျောင်းမပြီးခင်ထွက်လာပြီး အောင်မြင်သွားတာဟာ Zuckerberg တစ်ယောက်ထဲ မဟုတ်ပါဘူး။ Apple ရဲ့ ပူးတွဲတည်ထောင်သူ Steve Jobs ကလည်း ၁၉၇၆ ခုနှစ်မှာ Apple ကို တည်ထောင်ဖို့ Reed College ကို နှုတ်ဆက်ခဲ့ပါတယ်။ Bill Gates ကလည်း Paul Allen နဲ့ Microsoft ကို ပူးတွဲတည်ထောင်အပြီး ၂ နှစ်အကြာမှာ ဟားဗတ်ကနေ ထွက်လာခဲ့ပါတယ်။ 

Credit : digitaltimes



Follow us on