1. Home
  2. Movie Stars - Celebrity

အကယ်ဒမီက မျက်နှာအရမ်းလိုက်တယ်ဆိုတဲ့ ကျော်ထူး

Movie Stars - Celebrity มี.ค. 08, 2560 view 1,481

ပြေတီဦးကိုတရားစွဲမယ်ဆိုပြီးနာမည်ထွက်နေတဲ့ ကျော်ထူးတစ်ယောက် ဒီကိစ္စဟာ ရုပ်ရှင်ရိုက်ကွင်းက အကြောင်းအရာတွေလဲ ဖြစ်ပါတယ် ။ မြန်မာပေါကားတွေ ရပ်ဆိုတဲ့ ရုပ်၇ှင်ကားကိုရိုက်ကူးနေတာဖြစ်ပါတယ်။ ဇာတ်ကားမှာ ပါတဲ့ ဇာတ်ပို့ဇာတ်ရံတွေကိုခွဲခြားဆက်ဆံတာတွေပပျော်ရေး ..တို့ အရေး ဆိုတဲ့ ဆန္ဒပြရတဲ့ အခန်းမှာတော့ ဒါတကယ့် ရင်ထဲက ဆန္ဒပါလို့ ပြောထားပါတယ်။

စာတွေရေးရတာ ၀ါသနာပါပေမယ့် စာဖတ်သူနည်းလာတော့ ၁၆ အုပ်နဲ့ ဘရိတ်လိုက်ပါပြီလို့လဲပြောထားပါတယ် ။

အကယ်ဒမီက မျက်နှာအရမ်းလိုက်တယ် မင်းသားတွေဆို သူတို့ မိန်းမတွေခေါ်လို့ ရတယ် ။မင်းသမီးတွေ သူတို့ယောက်င်္ကျားတွေ ခေါ်လို့ရတယ် နာမည်ကြီးရင် မိတ်ကပ်လိမ်တဲ့သူကအစ ခေါ်လို့ ရတယ် ။ကျွန်တော်တို့ကတော့ တစ်စောင်ပဲရတယ် ။ကိုယ့်မိန်းမလဲ ခေါ်ချင်တာပေါ့ ။

အကယ်ဒမီက လုပ်ကွက်ရှိတဲ့ ဒရာမာကားတွေ မျက်ရည်တွေကြီးငယ်ကျပြီးမှ ရခဲ့ တာကြီးပါပဲ မျှော်လင့်တာထက်ဖြစ်ချင်တာကတော့ အထူးဆုလေးပေါ့ အရမ်းရီရလို့ အထူးဆုလေးပေးမယ်ဆိုရင်တော့ မျှော်လင့်ပါတယ်။ မြန်မာပေါကားများရပ် ဇာတ်ကားထဲက ဆန္ဒပြတဲ့အခန်းတွေက ရင်ထဲက ပါ အမှန်တွေပါ ပေါက်ကွဲသံစဉ်တွေပါ လို့ လဲ ပြောထားပါတယ်။

ပရိတ်သတ်ကိုတော့ သူတို့ကြောင့် မိသားစုတွေ စားသောက်နေထိုင်ရတယ် အသက်ရှင်နိုင်တယ် လှူဒါန်းရတယ် ဒီကျေးဇူးတွေကြောင့် လုပ်နိုင်သမျှကာလ ပတ်လုံးပရိတ်သတ်ကိုအလုပ်အကျွေးပြုသွားမှာပါလို့ ပြောသွားခဲ့ ပါတယ် ။

Credit:Oasis



Follow us on