1. Home
  2. Special or Others

မိကျောင်းကောင်ရေ ရာနဲ့ချီစုဝေးကာ အတူတူနေဆာလှုံ တဲ့ ဖလော်ရီဒါရေကန်ကြီး

Special or Others มี.ค. 08, 2560 view 1,389

အမေရိကန် ဖလော်ရီဒါရှိ Myakka River State Park သဘာဝဘေးမဲ့တောမှာ မိကျောင်းကောင်ရေ ရာနဲ့ချီဟာ ဖလော်ရီဒါ စိမ့်စမ်းရေကန်ကြီးဘေးမှာ စုဝေးပြီး၊ အတူတူနေဆာလှုံနေတာကို Ardingly, West Sussex မှာ နေထိုင်တဲ့ Lee Dalton အသက် 38 နှစ်က မှတ်တမ်းတင်ခဲ့တာ ဖြစ်ပါတယ်။ ၎င်းမိကျောင်းတွေရဲ့ အစားအစာတွေအဖြစ် အဲဒီစိမ့်ရေကန်ကြီးထဲမှာ သဘာဝအတိုင်း ပေါက်ပွားနေတဲ့ ငါးတွေလည်း အလွန်ပေါများကြောင်း သိရပါတယ်။

 မိကျောင်းတွေဟာ ဒီလို အစုလိုက်အပြုံလိုက်နေဆာလှုံတာကို တွေ့ရခဲပြီး၊ တစ်ခါတရံမှာ တစ်ကောင်ချင်း တွေ့ရတတ်သလို၊ တစ်ခါတလေ အုပ်စုငယ်လေးအဖြစ် တွေ့ရတတ်ပါတယ်။ ဖလော်ရီဒါမှာရှိတဲ့ အဆိုပါရေကန်ကြီးဟာ ကြီးမားလွန်းလို့ Google Earth satellite images တွေတောင် ပေါ်ထွက်ခဲ့ တယ်လို့လည်း သိရပါတယ်။ Dalton က ” သူတို့ကိုမြင်တော့ ကန်ကြီးအနားကို ရနိုင်သမျှ ကပ်ပြီး၊ ရိုက်ခဲ့တာပါ … “လို့ ရှင်းပြခဲ့ပါတယ်။

အဲဒီဒေသမှာ မိကျောင်းကောင်ရေး ထောင်နဲ့ချီရှိပေမယ့် တရားမ၀င် ဖမ်းဆီးသတ်ဖြတ် ခံနေရလို့ အထူးကြပ်မက် ကာကွ ယ်ရေးတွေလည်း ပြုလုပ်နေရကြောင်း၊ သိမ်းငှက်နဲ့ ဠင်းတငှက်တွေလည်း အလွန်ပေါများကြောင်း သိရပါတယ်။ အဆိုပါ ငှက်တွေဟာ မိကျောင်းတွေ ဖမ်းယူရရှိတဲ့ စားကြွင်းစားကျန်ကို အဓိကထား စားသောက်ကြောင်း၊ သိမ်းငှက်တွေကတော့ ငါးတွေကို ကိုယ်တိုင်အမဲလိုက် ဖမ်းယူခြင်းလဲ ရှိကြောင်း သိရပါတယ်။

 



Follow us on