1. Home
  2. Myanmar News

YBS စနစ်တွင် အမျိုးသမီးယာဉ်မောင်းတစ်ဦး စတင်ခန့်ထား

Myanmar News มี.ค. 09, 2560 view 1,463

YBS စနစ်တွင် အမျိုး သမီးယာဉ်မောင်းတစ်ဦးအား မတ်လ (၄)ရက်တွင် စတင်ခန့်အပ် ခဲ့သည်။ လှိုင်သာယာမြို့နယ် အနောက်ပိုင်းတက္ကသိုလ်မှ သခင် မြပန်းခြံအထိ ပြေးဆွဲနေသည့် YBS အမှတ် (၂၁)ယာဉ်လိုင်းတွင် ‘ခ’လိုင်စင်ကိုင်ဆောင်ထားသော အသက် (၃၀)အရွယ် မမြတ်ရည် မွန်အား အမျိုးသမီးယာဉ်မောင်း အဖြစ်ခန့်အပ်ခဲ့ရာ ၎င်းသည်YBS စနစ်တွင် ပထမဆုံးယာဉ်မောင်းအမျိုးသမီးတစ်ဦးဖြစ်လာသည်။ လက်ရှိ ၂၁ ယာဉ်လိုင်းအ ဖြစ် ပြေးဆွဲနေသော ဘတ်စ်ကား အများစုသည် ယခင် မထသစနစ် ၌ ၄၅ အဲကွန်းယာဉ်လိုင်းအဖြစ် ခရီးသွားများ အသိများပြီး အမျိုးသမီးယာဉ်အကူများအား ယခင်က ခန့်အပ်ခဲ့ဖူးသည်။

‘‘ယာဉ်မောင်းအဖြစ် ပထမ ဆုံး စပြီးစမ်းသပ်ထည့်သွင်းလိုက် တဲ့သဘောပါ။ သူက ကျွန်တော် တို့ ဘတ်စ်ကားနဲ့ စိမ်းတဲ့သူတစ် ယောက်တော့မဟုတ်ဘူး။ အရင် ယာဉ်နောက်လိုက်အဖြစ် ကျွန် တော်တို့ ကားမှာလုပ်ခဲ့ဖူးတယ်။ ပြီးတော့ သူ့ကို ကားမောင်းသင် ပေး၊ လိုင်စင်လျှောက်ပေးပြီး ကျောင်းဖယ်ရီကားကို ပေးမောင်း ထားခဲ့တာ။ အခု ဘတ်စ်ကား မောင်းနှင်မှု ကျွမ်းကျင်လာတာ ကြောင့် ဘတ်စ်ကားလိုင်းထဲ ဝင် ဆွဲစေခဲ့တာပါ။ နောက်ပိုင်းလည်း အမျိုးသမီးယာဉ်မောင်းတွေ ထပ် ပြီးထည့်သွင်းဖို့ကိုလည်း ရည်ရွယ်ထားပါတယ်’’ဟု

အဆိုပါယာဉ် လိုင်းမှ ယာဉ်ပိုင်ရှင် ကိုတရုတ် လေးက ပြောသည်။ ၎င်းအတွက် လုပ်အားခကို ထုတ်ဖော်ပြောကြားခြင်း မရှိသော်လည်း အမျိုးသားယာဉ်လုပ်သားများနှင့် တန်းတူပေးထားကြောင်းကိုတရုတ်လေးက ဆက်လက်ပြောကြားသည်။ ရန်ကုန်တိုင်းဒေသကြီး ဝန် ကြီးချုပ်သည် YBS စနစ်၌ အမျိုး သမီးယာဉ်လုပ်သားများကို အမျိုး သားများနည်းတူ နေရာပေးမည် ဟု ထုတ်ဖော်ပြောကြားထားပြီး အများပိုင် ဘတ်စ်ကားကုမ္ပဏီ အချို့ကလည်း ယာဉ်မောင်းများ ခေါ်ယူရာတွင် အမျိုးသား၊ အမျိုး သမီး ခွဲခြားမှုမရှိဘဲ ခေါ်ယူမှုများ ရှိနေသည်။

သို့သော် လက်ရှိအများပိုင် ဘတ်စ်ကားကုမ္ပဏီများက ယာဉ် မောင်းခေါ်ယူရာတွင် အမျိုးသား များသာ လာရောက်လျှောက်ထား မှုရှိခဲ့ပြီး အမျိုးသမီးယာဉ်မောင်း လျှောက်ထားမှုမရှိသေးကြောင်း ရန်ကုန် ဘတ်စ်ကားအများနှင့် သက်ဆိုင်သော ကုမ္ပဏီတာဝန်ရှိ သူတစ်ဦးက ဆိုသည်။ ‘‘အမျိုးသမီးဆိုပေမယ့် လည်း ကျွမ်းကျင်မှုရှိမယ်။ သတ် မှတ်ထားတဲ့ ယာဉ်မောင်းအရည် အချင်းနဲ့လည်း ပြည့်မီမယ်ဆိုရင် အလုပ်ခန့်သွားဖို့ရှိပါတယ်။ အခု ထိတော့ လာလျှောက်တာမတွေ့ သေးဘူး’’ဟု ၎င်းက ဆိုသည်။ ‘‘ဘတ်စ်ကားကို စမောင်းတဲ့ အချိန်မှာတော့ ခရီးသည်တွေ စောင့်ခေါ်ရတာ လမ်းကျပ်တာ မျိုး အခက်အခဲ အနည်းအကျဉ်း တော့ရှိတာပေါ့။ ဒါပေမဲ့ မောင်း၊ ရောင်းတွေက ၀ိုင်းကူညီပေးတဲ့အ တွက် အခုထိတော့ အဆင်ပြေ တယ်’’ဟု မမြတ်ရည်မွန်ကပြော သည်။

Credit : 7daydaily

photo : 7daydaily



Follow us on