လက်ပံတန်းမြို့နယ် ဇီးဖြူကုန်းအုပ်စ၊ ဓနင်းကြီးကျေးရွာတွင် အသက် ၁၄ နှစ်အရွယ် သမီးဖြစ်သူအား ဖခင်အရင်းက သာမယားအဖြစ်အဓမ္မပြုကျင့်ခဲ့မှုတစ်ခု ဖြစ်ပွားခဲ့သည်။
လွန်ခဲ့သော တစ်နှစ်ခန့်ကတည်းက လင်မယားချင်း စိတ်ဆိုးပြီး ဇနီးဖြစ်သူမှာ အိမ်ပ်ါမှဆင်းသွားကာ မှော်ဘီစိုက်ပျိုးရေးခြံတစ်ခုတွင် လစာ ၆၀,၀၀၀ ကျပ်ဖြင့် အလုပ်သွားလုပ်နေခဲ့သဖြင့် ဖခင်ဖြစ်သူ အသက် ၃၅ နှစ်အရွယ် နိုင်ဝင်းဆိုသူမှာ သားသမီး ၅ ယောက်နှင့်အတူ နေခဲ့ရသည်။ ဇနီးဖြစ်သူက သုံးလေးလ တစ်ကြိမ်မျှသာ သားသမီးများထံ လာရောက်လည်ပတ်လေ့ရှိသည်။
မတ်လ ၇ ရက်နေ့က သားသမီးများထံ လာလည်စဉ် အသက် ၁၄ နှစ်အရွယ် အကြီးဆုံးသမီး ဖြစ်သူက ဖခင်ဖြစ်သူက အဓ္ဓမသားမယား ပြုကျင့်ခဲ့ကြောင်း ပြောပြခဲ့သဖြင့် မိခင်ဖြစ်သူ မချိုမာဦးမှတရားလိုပြုလုပ်၍ ဇီးကုန်းရဲကင်းတွင် တိုင်းကြားခဲ့ခြင်းဖြစ်သည်။
ဖြစ်စဉ်မှာ မတ်လ ၆ ရက်နေ့ညတွင် နိုင်ဝင်းမှာ အရက် ၄ လုံးသောက်ခဲ့ပြီး မူးရူးကာ အိမ်သို့ပြန်လာစဉ် သူအိပ်ရန် ခြင်ထောင်ထောင်ပေးနေသော သမီးအား ဇနီးဖြစ်သူနှင့် မှားယွင်းကာ သားမယားပြုမိခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့သည်။
“ကျနော် အဲဒီနေ့က အရက် ၄ ပုလင်းလောက်သောက်မိပြီး အိမ်ကို ပြန်ခဲ့တယ်၊ အရင်ကဆိုရင် မိန်းမက ခြင်ထောင်ထောင်ပေးနေကျလေ၊ အခု သမီးက ခြင်ထောင်ထောင်ပေးတာကို ကျနော်မသိဘဲ ဖြစ်သွားခဲ့ပါတယ်။ ကျနော် ယုံတောင် မယုံနိုင်ပါဘူး”
အမှုအတွက် တရားခံနိုင်ဝင်းအား သာရဝေါနယ်မြေရဲစခန်းမှ (ပ)၄၀/၂၀၁၇ ဖြင့် အမှုဖွင့်ပြီး ရာဇသတ်ကြီးပုဒ်မ ၃၇၆ နှင့် ဖမ်းဆီးအရေးယူထားကြောင်း သတင်းရရှိသည်။
Ref:DVB