1. Home
  2. Movie Stars - Celebrity

ပရိတ်သတ်တွေထင်ကြေးပေးပေမယ့် အကယ်ဒမီ မမျှော်မှန်းရဲဘူးဆိုတဲ့ ပိုင်ဖြိုးသူ

Movie Stars - Celebrity มี.ค. 09, 2560 view 1,708

ဆရာဝန် မင်းသမီးလေး ပိုင်ဖြိုးသု့ကို ၂၀၁၆ အတွက် ‘ဧဒင်ရဲ့ နတ်သမီး’ဇာတ်ကားနဲ့ အ ကောင်းဆုံး အမျိုးသမီးဇာတ် ဆောင်ဆုရရှိနိုင်တယ်လို့ထင်ကြေးပေးနေကြပါတယ် ။ ပရိတ်သတ်တွေပေးတာနဲ့တင်ကျေးဇူးတင်နေပါပြီ ညီမ မမှန်းရဲသေးပါဘူး နောက်ထပ်ကြိုးစားဖို့အားတွေ ရှိသွားတယ်လို့ ပြောထားပါတယ် ။

‘ဧဒင်၏ နတ်သမီး’ ဇာတ်ကားတွင် သူငယ်ချင်း အဆိုတော် ကောင်လေးကို တစ်ဖက်သတ် ကြိုက်နေသောကြောင့် ၎င်းနှင့်ပတ်သက်လာသည့် အမျိုးသမီးများကို သတ် သည့် စိတ္တဇဆန်ဆန် ကောင်မလေးနေရာမှ သရုပ် ဆောင်ထားပါတယ်။ ‘‘ရိုက်တဲ့အချိန်တုန်းက တော့ ကိုယ်လုပ်တတ်သလောက် အစွမ်းကုန်ရှိသမျှ အားစိုက်ထုတ် ပြီး ရိုက်ခဲ့တာပဲ။ ပြန်ကြည့်တဲ့အ ချိန် လိုအပ်ချက် ရှိ၊ မရှိကတော့ ပရိသတ်နဲ့ အကဲဖြတ်ဒိုင်တွေပဲ ဆုံးဖြတ်မှာပါ။ ညီမအနေနဲ့ အဲဒီအချိန်တုန်းက အသစ်ဖြစ်တဲ့အတွက် ကိုယ့်ဟာကိုယ်တော့ တချို့နေရာတွေမှာ လိုအပ်ချက်တွေ တွေ့တယ်’’ဟု ပါဝင်သရုပ်ဆောင်ရသည့် ဇာတ်ရုပ်နှင့်ပတ်သက်၍ ၎င်းက ပြောသည်။

၂၀၁၆ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲအတွက် အမျိုးသမီး ဇာတ်ပို့ဆုများအနေဖြင့် ‘ဘွန္တော ကြက်သူခိုး’ဇာတ်ကားဖြင့် ဝါဝါအောင်၊ ‘အုတ်ကြားမြက်ပေါက်’ ဇာတ်ကားဖြင့် ထူးမွန်၊‘ဧဒင်ရဲ့ နတ်သမီး’ဇာတ်ကားဖြင့် ပိုင်ဖြိုးသုတို့ ဆုရရှိနိုင်ကြောင်း ပရိသတ်များက ခန့်မှန်းထားသည်။ ‘‘အကယ်ဒမီနဲ့ပတ်သက်ပြီး ကြားထားတာကတော့ မသက်မွန်လည်း ကြားတယ်။ မအူဝဲလည်း ကြားတယ်။ ကိုမြင့်မြတ်၊ ကိုထွန်းထွန်း၊ အန်ကယ်လေး (လူမင်း)ကြား တယ်။ နောက် မအေးမြတ်သူလည်း ကြားတယ်’’လို့ ပြောသွားခဲ့ ပါတယ် ။

Credit:7day



Follow us on