1. Home
  2. Myanmar News

အကောက်ခွန်ဌါန ဝဘ်ဆိုက် နည်းပညာနှင့် ဖောက်ထွင်းခံရ (Hacked)

Myanmar News มี.ค. 10, 2560 view 1,471
စီမံကိန်းနှင့်ဘဏ္ဍာ ရေးဝန်ကြီးဌာန အကောက်ခွန်ဦးစီးဌာနရဲ့ ဝက်ဘ်ဆိုက်နှင့် မြန်မာအလိုအလျောက်ကုန်စည်ရှင်းလင်းရေးစနစ် (MACCS) တို့ကို တိုက်ခိုက်ခံခဲ့ရကြောင်း MACCS ဌါနခွဲညွှန်ကြားရေးမှူး ဦးဝင်းသန့်က ပြောဆိုခဲ့သည်။
 
မနေ့က ကျွန် တော်တို့ အကောက်ခွန်ဦးစီးဌာန ရဲ့ ဝက်ဘ်ဆိုက်ကို အဟက်ခံရပါတယ်၊ ဒါက တစ်ချက်ပေါ့နော်၊ နောက်တစ်ခုက ကျွန်တော်တို့ အကောက်ခွန်ဦးစီးဌာနရဲ့ MACCS ဝက်ဘ်ဆိုက်ပေါ့၊ အဲဒါ လဲ အတိုက်ခံရတယ်၊ သူကတော့ အဟက်မခံရဘူး၊ သူကတော့ ကျွန်တော်တို့ security ပိုင်းဆိုင်ရာနဲ့ ထပ်မြှင့်ထားတာဖြစ်တဲ့အတွက် သူတို့ရဲ့ ဟက်တာကို မခံရ ဘဲနဲ့ အယ်ရာတက်ပြီး နောက်ဆုံးကျတော့ ပိတ်ပစ်လိုက်တာပေါ့ နော်၊ ဒါ အချိန်မီသွားတာပေါ့၊ စစ္စတမ်ပိုင်းမှာ ထိခိုက်မှု မရှိပါဘူး၊ စစ္စတမ်ကို သူတို့ ဘာမှ ဝင်လို့လဲမရဘူး” ဟု ပြောကြားခဲ့သည်။
 
မြန်မာအလိုအလျောက်ကုန်စည်ရှင်းလင်းရေးစနစ် (MACCS)သည် ပို့ကုန်၊ သွင်းကုန်လိုင်စင် လျှောက်ထားခြင်း၊ ကုန်စည်သေတ္တာထုတ်ယူခြင်း၊ အကောက်ခွန်၊ ကုန်သွယ်လုပ်ငန်းခွန်၊  လုံခြုံ ရေး စစ်ဆေးခ စသည့် ပေးဆောင်ရတဲ့ အခွန်အခတွေ အကုန်လုံးကို အွန်လိုင်းကနေ ၂၄ နာရီ လုပ်ဆောင်နိုင်ရန် စီစဉ်ထားသော စနစ်တစ်ခုဖြစ်သည်။ 
 
MACCS စနစ်ကို ၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၁၂ ရက်နေ့ကစတင်ကာ ရန်ကုန် ဧရိယာအတွင်း သီလဝါ အထူးစီးပွားရေးဇုန်အပါအဝင် ဆိပ်ကမ်းများတွင် အသုံးပြုနိုင်ရန် ဆောင်ရွက်ခဲ့ပြီး လက်ရှိတွင် MACCS စနစ်ကို သုံးစွဲနေသူပေါင်း ၁၆၀၀ ကျော်ရှိကြောင်း သိရှိရသည်။
 
MACCS စနစ်၏ လုံခြုံရေးပိုင်းကို နည်းပညာဖြင့် အဆင့်မြှင့်ထားသည့်အတွက် ဆိုက်ဘာတိုက်ခိုက်မှုကြောင့် တစ်စုံတစ်ရာ ခိုးယူသွားနိုင်ခြင်းမရှိခဲ့ကြောင်း သတင်းရရှိသည်။
 
Ref:ကုမုန္ဒြာ
 


Follow us on