မတ်လ ၉ ရက်နေ့က နိုင်ငံတော်သမ္မတရုံးမှ ထုတ်ပြန်ခဲ့သော သင်္ကြန်ကာလ ရုံးပိတ်ရက်ကြေညာစာတွင် ဖော်ပြရေးသားခဲ့မှုများကို ပြည်သူအများက နားမလည်မရှင်းလင်းကြောင်း သိရှိရသည်။
လာမည့် သင်္ကြန်ပိတ်ရက်မှာ (၅)ရက်လား၊ (၁၀)ရက်လား ဆိုတာ မရှင်းလင်းကြသကဲ့သို့ သင်္ကြန်တွင်း ၅ ရက်သာ ပိတ်ပြီး ကျန်သည့် (၅) ရက်ကို မည်သို့ပြန်လည် အစားထိုးပေးမည်ကိုလည်း မရှင်းမလင်း ဖြစ်နေကြသည့်အပေါ် နိုင်ငံသမ္မတရုံးမှ ဦးဇော်ဌေးက သူ၏ ဖေ့စ်ဘွခ်စာမျက်နှာမှ ပြန်လည် ရှင်းလင်းခဲ့သည်။
သင်္ကြန်ပိတ်ရက် ၅ ရက်ဖြစ်ပါမယ်။
ဘဏ်ပိတ်ရက်၊ အစိုးရရုံးပိတ်ရက်ကတော့
၅ ရက်ပဲ ဖြစ်ပါမယ်။
ဝန်ထမ်းတွေအတွက် ၁၀ ရက် ရအောင်
အုပ်ချုပ်မှုနည်းလမ်းနဲ့ စီစဉ်ပေးပါမယ်။
ဒီနှစ်အတွက်ပဲ ဖြစ်ပါတယ်။ ကြိုတင်ပြီး စီစဉ်ထားတာတွေ မပျက်အောင် အထူး အစီအစဉ် လုပ်ပေးတဲ့သဘောပါ။
အများပြည်သူရုံးပိတ်ရက် ပြင်ဆင်သတ်မှတ်ပါမယ်။
နောက်နှစ်တော့ ၅ ရက်ပဲ ဖြစ်ပါမယ်။
ဘာမှာ ယခုနှစ်အတွက် သင်္ကြန်ကာလ ရုံးပိတ်ရက်ကို တရားဝင် (၅)ရက်သာ ပြောင်းလဲ သတ်မှတ်ခဲ့သော်လည်း အနားနီးကပ်မှ ပြောင်းလဲခဲ့ရသည့်အတွက် သင်္ကြန်ကာလအတွက် ကိုယ်ရေးကိုယ်တာကိစ္စများ ပြင်ဆင်ထားပြီးဖြစ်သည့် ဝန်ထမ်းများ အဆင်ပြေစေရန် သက်ဆိုင်ရာ ရုံးအဖွဲ့အစည်း၏ အုပ်ချုပ်ရေးပိုင်းများနှင့် ညှိနှုင်းကာ အားလပ်ရက်(၁၀)ရက်ကိုလည်း ခွင့်ပြုပေးရမည်ဖြစ်သည်။
သို့သော်လည်း ရှေ့လာမည့် နှစ်မှ စတင်ကာ သင်္ကြန်ကာလရုံးပိတ်ရက်ကို (၅)ရက်သာ စတင်ပြောင်းလဲကျင့်သုံးမည်ဟု သဘောရပါသည်။