1. Home
  2. Myanmar News

အန္တရာယ်ရှိတရုပ်ကြက်ဥများ ဝင်ရောက်လာနိုင်၍ ကြက်ဥပင်ရင်းဆိုင်ကြီးများကို လိုက်လံစစ်ဆေး

Myanmar News มี.ค. 10, 2560 view 1,575
တရုပ်နိုင်ငံမှ တရားမဝင်စွန့်ပစ်ကြက်ဥများ ဝင်ရောက်လာနိုင်တဲ့အတွက် မတ်လ ပထမပတ်မှစတင်၍ ပြည်တွင်းကြက်မွေးမြူရေးနှင့် ကြက်ဥပင်ရင်းဆိုင်ကြီးများကို စစ်ဆေးမှုများ ဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်(မန္တလေးတိုင်း) မှ သတင်းရရှိသည်။ 
 
မွေးမြူရေးနှင့်ကုသရေးဌါနမှ ထုတ်ပြန်ထားသော ရောဂါကင်းရှင်းကြောင်း ထောက်ခံချက်ပါရှိမှသာ ရောင်းချရန်ခွင့်ပြုထားပြီး လက်ရှိဈေးကွက်အတွင်းရှိ ပလတ်စတစ်နဲ့ ထုတ်ပိုးထားသော ကြက်ဥများမှာ ပြည်တွင်းကထုတ်ပိုးထားသော ကြက်ဥများဖြစ်ပြီး စက္ကူကတ်နှင့် ထုတ်ပိုးထားသော ကြက်ဥများမှာ ပြင်ပမှာလာသည့် ကြက်ဥများဖြစ်သည့်အတွက် ပြင်ပမှလာသော ကြက်ဥများကို စစ်ဆေးနေကြောင်း သိရှိရသည်။
 
ပလတ်စတစ်နဲ့ ထုတ်ပိုးထားတဲ့ ကြက်ဥတွေက ပြည်တွင်းကဖြစ်ပါတယ်၊ ဒါပေမယ့် အဲ့ဒီမှာလည်း မသင်္ကာစရာ ကြက်ဥတွေတွေ့ရင်လည်း အကြောင်းကြားပေးကြပါ” ဟု မွေးမြူရေးအဖွဲ့ချုပ် (မန္တလေးတိုင်းဒေသကြီး) အတွင်းရေးမှူး ဒေါက်တာနေသူရိန် က ပြောကြားခဲ့သည်။
 
လက်ရှိဖြစ်ပွားနေသော H7 N9 ကြက်ငှက်တုတ်ကွေးက လူကို ကူးစက်ရန်လွယ်ကူပြီး ကြက်ကို ကူးစက်လျှင် သေဆုံးခြင်းမရှိသော်လည်း လူကိုကူးစက်ခံရရင်တော့ သေးဆုံးဖို့ ရာခိုင်နှုန်း ၄၀ ရှိကြောင်း သိရှိရသည်။
ထို့ကြောင့် ဈေးဝယ်အိမ်ရှင်မများအနေနှင့် ကြက်ဥများကို သတိထားဝယ်ယူကြရန် တိုက်တွန်းထားသည်။ 
 
source:မြစ်မခ


Follow us on