1. Home
  2. Special or Others

လိင်ဖျော်ဖြေရေးအရုပ်များနှင့် ပြည့်တန်ဆာခန်းကို ဘာစီလိုနာမြို့တွင် ဖွင့်လှစ်

Special or Others มี.ค. 10, 2560 view 2,207

စပိန်နိုင်ငံ ဘာစီလိုနာမြို့တွင် လိင်ဖျော်ဖြေပေးအရုပ်များနှင့် ပျော်ပါးနိုင်မည့် ပြည့်တန်ဆာခန်းကို ဖွင့်လှစ်လိုက်သည်ဟု သိရသည်။ ဥရောပ၏ပထမဆုံးလိင် ဖျော်ဖြေရေးအရုပ်များနှင့် ပြည့်တန်ဆာခန်းကို Lumidolls ဟု အမည်ပေးထားသည်။ မိန်းကလေးအစစ်နှင့် အလွန်တူညီသော ဆီလီကွန်အရုပ်မလေးများနှင့် လာရောက်ပျော်ပါးနိုင်ပြီး ဆီလီကွန်အရုပ်မတစ်ခုနှင့် တစ်ကြိမ်ပျော်ပါးလျှင် ၈၄ ဒေါ်လာ ကျသင့်မည်ဖြစ်သည်။

၎င်းပြည့် တန်ဆာခန်းတွင် အရုပ်မလေးမျိုး ရွေး ချယ်နိုင်ပြီး ဥရောပအမျိုးသမီးပုံစံနှင့် အရုပ်မကေတီ၊ ပြီးပြည့်စုံသည့် ခန္ဓာကိုယ်နှင့်အရုပ်မလိုင်ဇာ၊ အာရှအမျိုးသမီးပုံစံ နှင့် အရုပ်မလီလီ၊ ဂျပန်ကာတွန်းဇာတ်ကောင်ပုံစံနှင့် အရုပ်မအာကီတို့ဖြစ်သည်။

အရုပ်မများကို နူးညံ့ပျော့ပျောင်းသည်ဟု နာမည်ကြီးသော ပေါ်လီမာသားတစ်မျိုး ဖြစ်သည့် အပူဒဏ်ခံ Elastomer သားဖြင့် ပြုလုပ်ထားခြင်းဖြစ်သည်။ တရားဝင် ဝက်ဆိုက်တွင် အရုပ်မများကို ဝန်ဆောင်မှုမပေးမီနှင့် ပေးပြီးနောက် နှစ်ချိန်လုံး တွင် ပိုးမွှားကင်းစင်အောင် လုပ်ဆောင် ထားပါကြောင်းဆိုခဲ့သော်လည်း ဧည့် သည်တော်များကို ကွန်ဒုံးများအသုံးပြု ကြရန် တိုက်တွန်းထားသည်ကို မြင်တွေ့ရ သည်ဟု သိရသည်။

Credit : pyimyanmarnews



Follow us on